Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 5:16 - Judson Bible in Zawgyi Version

16 သင်​သည် အ​နက်​များ​ကို​ဖော်​ပြ၍ ပု​စ္ဆာ​အ​မေး​တို့​ကို ဖြေ​နိုင်​သည်​ဟု ငါ​ကြား​ပြီး​သည်​အ​တိုင်း၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ငါ့​အား​ဖော်​ပြ​နိုင်​လျှင်၊ အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 သင်​သည် အနက်အဓိပ္ပာယ်​များ​ကို ဖွင့်ပြ​ပေး​နိုင်​ကြောင်း​၊ ခက်ခဲ​သော​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​ကြောင်း​ကို ငါ​ကြားသိ​ရ​၏​။ ယခု သင်​သည် ထို​စာ​ကို​ဖတ်​၍ ငါ့​အား အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပေး​နိုင်​လျှင် ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ကာ တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို အုပ်ချုပ်​ခွင့်​ရ​မည်”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 သင်​သည်​တိမ်​မြုပ်​နေ​သော​အ​နက်​တို့​ကို​ဖော် ထုတ်​နိုင်​၍ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​ကြောင်း​ငါ​ကြား​သိ​တော် မူ​ရ​သည်။ သင်​သည်​ဤ​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့​အား​ဖော်​ပြ​နိုင်​ပါ​လျှင် ငါ​သည် သင့်​အား​တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ် စေ​၍​ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​ဆွဲ စေ​လျက် ငါ​၏​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန် ခိုး​အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 5:16
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က​လည်း၊ ငါ​တို့​သည်​အိပ်​မက်​ကို​မြင်​ရ​ပြီ။ အ​နက်​ကို​ဖတ်​နိုင်​သော​သူ မ​ရှိ​ဟု​ဆို​ကြ​သော်၊ ယော​သပ်​က၊ အိပ်​မက်​အ​နက်​များ​ကို ဘု​ရား​သ​ခင်​ဆိုင်​တော်​မူ​သည် မ​ဟုတ်​လော။ သို့​ဖြစ်၍ သင်​တို့​အိပ်​မက်​ကို ကျွန်ုပ်​အား​ကြား​ပြော​ကြ​ပါ​ဟု​ဆို​၏။


ဖာ​ရော​မင်း​က​လည်း၊ ငါ​သည်​အိပ်​မက်​ကို​မြင်​မက်​ပြီ။ အ​နက်​ကို အ​ဘယ်​သူ​မျှ​မ​ဖတ်​နိုင်။ သင်​သည် အိပ်​မက်​ကို နား​လည်​သော​ဉာဏ်​နှင့် အ​နက်​ဖတ်​နိုင်​သည်​ကို ငါ​ကြား​ရ​ပြီ​ဟု​ဆို၏။


လက်​စွပ်​တော်​ကို​ချွတ်၍ ယော​သပ်​လက်၌​စွပ်​စေ​တော်​မူ၏။ ပိတ်​ချော​အ​ဝတ်​ကို​လည်း​ဝတ်​စေ၍၊ လည်​ပင်း၌ ရွှေ​စ​လွယ်​ကို​ဆွဲ​ပြီး​လျှင်၊


ဒံ​ယေ​လ​ကို ချီး​မြှောက်​လျက်၊ များ​စွာ​သော ဆု​လာဘ်​သပ်​ပ​ကာ တို့​ကို​ပေး၍၊ ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​ကြီး​အ​ရာ၌​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို အုပ်​စိုး​သော ဝန်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ၏။


အိပ်​မက်​နှင့် အ​နက်​ကို ဖော်​ပြ​လျှင်၊ ဆု​လာဘ်​သပ်​ပ​ကာ၊ ဂုဏ်​အ​သ​ရေ​များ​ကို ငါ​ပေး​မည်။ သို့​ဖြစ်၍၊ အိပ်​မက်​နှင့် အ​နက်​ကို ငါ့​အား​ဖော်​ပြ​ကြ​ဟု၊ ခါ​လ​ဒဲ​ပ​ညာ​ရှိ​တို့​ကို မိန့်​တော်​မူ၏။


ထို​အ​ခါ ဗေ​လ​ရှာ​ဇာ​မင်း​ကြီး မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒံ​ယေ​လ​ကို အ​ဝတ်​နီ​ဝတ်​ဆင်​စေ၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​ပြီး​မှ၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​သည်​ဟု မြို့​ကို​လည်၍ ဟစ်​ကြော်​ကြ၏။


ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု ဟစ်​ကြော်​ပြီး​လျှင်၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ဖော်​ပြ​နိုင်​သော​သူ​သည် အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​စေ​ဟု ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​အား အ​မိန့်​တော်​ရှိ၍၊


အ​ကျိုး​တော်​ကို မ​ယုတ်​မ​လျော့​စေ​ခြင်း​ငှာ၊ ထို​မြို့​ဝန်​အ​ပေါင်း​တို့​ကို အုပ်​ချုပ်​စစ်​ကြော​ရ​သော ဝန်​ကြီး​သုံး​ပါး​ကို​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း ခန့်​ထား​တော်​မူ၏။ ထို​ဝန်​ကြီး​သုံး​ပါး​တွင် ဒံ​ယေ​လ​သည် ဝန်​ကြီး​အ​ရာ​ကို​ရ​သည်​သာ​မ​က၊


တ​မန်​တော်​တို့ လက်​ကို​တင်​သော​အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သက်​ရောက်​သည်​ကို ရှိ​မုန်​မြင်​လျှင်၊ ငွေ​ကို​ယူ​ဆောင်​ခဲ့၍၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ