Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 5:1 - Judson Bible in Zawgyi Version

1 တစ်​ရံ​ရော​အ​ခါ ဗေ​လ​ရှာ​ဇာ​မင်း​ကြီး​သည် မှူး​မတ်​တစ်​ထောင်​ကို ခေါ်​ပြီး​လျှင် ကြီး​စွာ​သော​ပွဲ​ကို လုပ်၍၊ မှူး​မတ်​တစ်​ထောင်​နှင့်​တ​ကွ စ​ပျစ်​ရည်​ကို သောက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ဗေလရှာဇာ​မင်းကြီး​သည် မှူးမတ်​တစ်ထောင်​အတွက် စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၍ သူ​တို့​နှင့်အတူ စပျစ်ဝိုင်​ကို သောက်​လျက်​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 တစ်​ည​သ​၌​ဗေ​လ​ရှာ​ဇာ​မင်း​သည်​ည​စာ စား​ပွဲ​ကြီး​သို့​မှူး​မတ်​တစ်​ထောင်​ကို​ဖိတ် ကြား​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​စ​ပျစ်​ရည် သောက်​တော်​မူ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 5:1
11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သုံး​ရက်​လွန်​သော​အ​ခါ၊ ဖာ​ရော​မင်း​ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ကို​ခံ၍ ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​ကို ကျွေး​မွေး​တော်​မူ​စဉ်​တွင်၊ ဖ​လား​တော်​ဝန်၏​ဦး​ခေါင်း​နှင့် စား​တော်​ဝန်၏​ဦး​ခေါင်း​ကို ကျွန်​တော်​မျိုး​တို့​တွင်​ဖော်​တော်​မူ၍၊


ပေ​ရ​သိ​ဗိုလ်၊ မေ​ဒိ​ဗိုလ်​များ၊ အ​ပြည်​ပြည်​သော မှူး​မတ်​ဝန်​မင်း​များ​တို့​ကို ခေါ်၍၊ မှူး​တော် မတ်​တော် ကျွန်​တော်​အ​ပေါင်း​တို့​အ​ဖို့ ပွဲ​လုပ်​တော်​မူ၏။


ထို​ကာ​လ၌ ငို​ကြွေး​မြည်​တမ်း​ခြင်း၊ ဆံ​ပင်​ကို ပယ်​ဖြတ်​ခြင်း၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​ခြင်း​အ​လို​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နှိုး​ဆော်​တိုက်​တွန်း​တော်​မူ​သော်​လည်း၊


ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​နား၌ ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင်​တို့​အ​ပြစ်​သည် သင်​တို့ မ​သေ​မ​ချင်း​တိုင်​အောင် မ​ပြေ​မ​ရှင်း​ရ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဓား​ဘေး​သည် ခါ​လ​ဒဲ​ပြည်​သူ၊ ဗာ​ဗု​လုန်​မြို့​သား​တို့​နှင့်​တ​ကွ မင်း​များ၊ ပ​ညာ​ရှိ​များ​အ​ပေါ်​သို့ သင့်​ရောက်​လိမ့်​မည်။


သူ​တို့​သည် ပျော်​မွေ့​ကြ​မည်​အ​ကြောင်း​နှင့်၊ နောက်​တစ်​ဖန်​မ​နိုး​ဘဲ၊ အ​စဉ်​မ​ပြတ် အိပ်​ပျော်​မည်​အ​ကြောင်း၊ သူ​တို့​သည် ရွှင်​လန်း​အား​ကြီး​သော​အ​ခါ၊ သောက်​စ​ရာ​ဖို့ ငါ​တိုက်၍ ယစ်​မူး​စေ​မည်။


ဗာ​ဗု​လုန်​မင်း​သား၊ တိုင်​ပင်​မှူး​မတ်၊ စစ်​ကဲ၊ မင်း​အ​ရာ​ရှိ၊ ခွန်​အား​ကြီး​သော သူ​တို့​ကို ငါ​ယစ်​မူး​စေ​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန်​မ​နိုး​ဘဲ အ​စဉ်​မ​ပြတ် အိပ်​ပျော်​ကြ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော​ရှင်​ဘု​ရင် မိန့်​တော်​မူ၏။


ထို​ည၌​ပင် ခါ​လ​ဒဲ​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​မင်း​သည် အ​သက်​ဆုံး၍၊


သူ​တို့​သည် ဆူး​ပင်​ကဲ့​သို့ အ​ချင်း​ချင်း ညှိ​တွယ်​လျက်၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​သ​ကဲ့​သို့​ဖြစ်​လျက်၊ သွေ့​ခြောက်​သော အ​မှိုက်​ကဲ့​သို့ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ