Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 4:6 - Judson Bible in Zawgyi Version

6 ထို​ကြောင့်၊ အိပ်​မက်​အ​နက်​ကို ငါ့​အား​ဖော်​ပြ​စေ​ခြင်း​ငှာ၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို အ​ထံ​တော်​သို့ သွင်း​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ထို့ကြောင့် အိပ်မက်​၏​အနက်အဓိပ္ပာယ်​ကို ငါ့​အား ဖော်ပြ​ရန် ဘေဘီလုံ​ပညာရှိ​အပေါင်း​တို့​ကို ငါ့​ရှေ့မှောက်​သို့ သွင်း​စေ​ဟု အမိန့်​ထုတ်ပြန်​လိုက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ငါ​သည်​အိပ်​မက်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မိ​မိ အား​ဖွင့်​ပြ​ရန် အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း တို့​ကို​ဆင့်​ခေါ်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 4:6
10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဖာ​ရော​ဘု​ရင်​သည် ပ​ညာ​ရှိ​များ၊ ပြု​စား​တတ်​သော​သူ​များ​တို့​ကို​ခေါ်၍၊ အဲ​ဂု​တ္တု​အ​မျိုး ဝိ​ဇ္ဇာ​ဆ​ရာ​တို့​သည်၊ ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့်​ထို​အ​တူ​ပြု၍၊


တိုး​တိုး​ပြော၍ မ​န္တန်​သ​ရ​ဇ္ဈာယ်​တတ်​သော နတ်​ဝင်​နှင့် စုန်း​တို့၌ ဆည်း​ကပ်​ကြ​လော့​ဟု သင်​တို့​အား ဆို​လျှင်​မူ​ကား၊ လူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်​အပ်​သ​လော။ အ​သက်​ရှင်​သော​သူ၏​အ​မှု​မှာ အ​သက်​သေ​သော​သူ၌ ဆည်း​ကပ်​အပ်​သ​လော။


ဘု​ရား​သ​ခင်​သည် ထို​လု​လင်​လေး​ယောက်​တို့​အား အ​ထူး​ထူး​သော သိ​ပ္ပံ​အ​တတ်​ပ​ညာ​တို့​ကို သိ​စေ​ခြင်း​ငှာ၊ ထိုး​ထွင်း၍ နား​လည်​နိုင်​သော ဉာဏ်​သ​တ္တိ​ကို ပေး​သ​နား​တော်​မူ၏။ ဒံ​ယေ​လ​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အိပ်​မက်​ကို​နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ၏။


အိပ်​မက်​တော်​ကို ပြန်​ပြော​စေ​ခြင်း​ငှာ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ သူ​ပြု​ဆ​ရာ၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​ကြ​သည်​ရှိ​သော်၊


ဒံ​ယေ​လ​ကို ချီး​မြှောက်​လျက်၊ များ​စွာ​သော ဆု​လာဘ်​သပ်​ပ​ကာ တို့​ကို​ပေး၍၊ ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​ကြီး​အ​ရာ၌​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို အုပ်​စိုး​သော ဝန်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ၏။


သို့​သော်​လည်း၊ မြေ၌​စွဲ​သော အ​မြစ်​နှင့်​တ​ကွ သစ်​ငုတ်​ကို​ခြွင်း​ထား၍၊ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​သ​ကဲ့​သို့ နု​သော​မြက်​ပင်​ထဲ၌ ရှိ​စေ​လော့။ ခု​နစ်​နှစ်​ပတ်​လုံး မိုး​စွတ်​ခြင်း​ကို​ခံ၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ မြက်​ဝေ​စုကို စား​စေ​လော့။


သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သော သူ​တစ်​ယောက်​သည် နိုင်​ငံ​တော်​တွင် ရှိ​ပါ၏။ ခ​မည်း​တော်​ဘု​ရား လက်​ထက်​တော်၌၊ ထို​သူ​တွင် ဘု​ရား​ပ​ညာ​နှင့်​တူ​သော ပ​ညာ​ဉာဏ်​သ​တ္တိ ထင်​ရှား​လျက်​ရှိ​ပါ၏။ ထို​သူ​ကို ခ​မည်း​တော်​ဘု​ရား နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​အ​ပေါ်​တွင် ဆ​ရာ​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။


ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု ဟစ်​ကြော်​ပြီး​လျှင်၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ဖော်​ပြ​နိုင်​သော​သူ​သည် အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​စေ​ဟု ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​အား အ​မိန့်​တော်​ရှိ၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ