Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 3:8 - Judson Bible in Zawgyi Version

8 ထို​အ​ခါ၊ ခါ​လ​ဒဲ​လူ​အ​ချို့​တို့​သည် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ထံ​တော်​သို့ ချဉ်း​ကပ်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ထိုအခါ ခါလဒဲ​ပညာရှိ​တို့​သည် လာ​၍ ဂျူး​လူမျိုး​တို့​ကို စွပ်စွဲ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ဗာ​ဗု​လုန်​ပြည်​သား​အ​ချို့​တို့​သည်​ယု​ဒ အ​မျိုး​သား​တို့​အား ပြစ်​တင်​ပြော​ဆို​ရန် အ​ခွင့်​ကောင်း​ကို​ယူ​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 3:8
14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် မော်​ဒ​ကဲ​အ​မျိုး​ကို ဖော်​ပြ​သော​ကြောင့်၊ မော်​ဒ​ကဲ​တစ်​ယောက်​တည်း​ကို ကွပ်​မျက်​လျှင်၊ စိတ်​မ​ပြေ​လောက်​ဟု ဟာ​မန်​သည် အောက်​မေ့​လျက်၊ မော်​ဒ​ကဲ​အ​မျိုး​သား​ချင်း တည်း​ဟူ​သော အာ​ရွှေ​ရု​နိုင်​ငံ အ​ရပ်​ရပ်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ ရှာ​ကြံ​လေ၏။


မ​ကောင်း​သော လ​က္ခ​ဏာ​ကင်း​လျက်၊ လှ​သော​အ​ဆင်း​သ​ဏ္ဌာန်​နှင့် ပြည့်​စုံ၍၊ ကောင်း​သော​ဉာဏ်​နှင့် တ​ကွ အ​ထူး​ထူး​အ​ပြား​ပြား​သော အ​တတ်​ပ​ညာ​များ​ကို လေ့​ကျက်၍၊ နန်း​တော်၌ အ​မှု​ထမ်း​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​လူ​ပျို​တို့​ကို ဣ​သ​ရေ​လ မင်း​မျိုး​မင်း​သား​ထဲ​က ရွေး​ကောက်၍၊ ခါ​လ​ဒဲ​ဘာ​သာ​အ​တတ်​ကို​သင်​စေ​ဟု အ​မိန့်​တော်​ရှိ၏။


ခါ​လ​ဒဲ​ဆ​ရာ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၏ အ​မှု​အ​ရာ​ကို ဖြေ​နိုင်​မည်​သူ၊ မြေ​ကြီး​ပေါ်​မှာ တစ်​ယောက်​မျှ မ​ရှိ​ပါ။ အ​ဘယ်​မည်​သော ရှင်​ဘု​ရင်​သည် ဘုန်း​တန်​ခိုး ကြီး​သော်​လည်း၊ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ဤ​သို့​မေး​မြန်း​လေ့​မ​ရှိ​ပါ။


အိပ်​မက်​တော်​ကို ပြန်​ပြော​စေ​ခြင်း​ငှာ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ သူ​ပြု​ဆ​ရာ၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​ကြ​သည်​ရှိ​သော်၊


ထို​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​အ​ပေါင်း​တို့​သည် ပျပ်​ဝပ်၍၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး တည်​ထား​သော ရွှေ​ရုပ်​တု​ကို ကိုး​ကွယ်​ကြ၏။


မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် ဝင်​ကြ​လျှင်၊ ငါ​မြင်​မက်​သော အိပ်​မက်​ကို သူ​တို့​အား ပြ​ပြော​သော်​လည်း၊ သူ​တို့​သည် အ​နက်​ကို မ​ဖော်​မ​ပြ​နိုင်​ကြ။


ထို​အ​ခါ ဝန်​ကြီး​နှင့် မြို့​ဝန်​တို့​သည် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို​ရှာ၍၊ နိုင်​ငံ​တော်​အ​မှု​အ​ရေး​များ​ကို စစ်​ကြော​ကြ၏။ ဒံ​ယေ​လ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သော​ကြောင့်၊ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍​မ​တွေ့​ကြ​သည်​ရှိ​သော်၊


သို့​သော်​လည်း ဤ​ဘာ​သာ​သည် အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​အ​ပြစ်​တင်​ခြင်း​ကို​ခံ​ရ​သော ဘာ​သာ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​သည်​ဖြစ်၍ သင်၏​အ​ယူ​ဝါ​ဒ​ကို သင်​သည် ကိုယ်​တိုင်​ဖော်​ပြ​သော​စ​ကား​ကို အ​ကျွန်ုပ်​တို့​သည် နား​ထောင်​သင့်​သည်​ထင်​ပါ၏​ဟု ဆို​ကြ​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ