Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 2:6 - Judson Bible in Zawgyi Version

6 အိပ်​မက်​နှင့် အ​နက်​ကို ဖော်​ပြ​လျှင်၊ ဆု​လာဘ်​သပ်​ပ​ကာ၊ ဂုဏ်​အ​သ​ရေ​များ​ကို ငါ​ပေး​မည်။ သို့​ဖြစ်၍၊ အိပ်​မက်​နှင့် အ​နက်​ကို ငါ့​အား​ဖော်​ပြ​ကြ​ဟု၊ ခါ​လ​ဒဲ​ပ​ညာ​ရှိ​တို့​ကို မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 သို့သော် သင်​တို့​သည် ငါ့​အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​နိုင်​လျှင် သင်​တို့​အား လက်ဆောင်​များ​နှင့်တကွ ဆုလာဘ်​ကို​လည်း ငါ​ပေး​မည်​။ ခမ်းနား​စွာ​ဂုဏ်ပြု​မည်​။ ထို့ကြောင့် အိပ်မက်​နှင့် အိပ်မက်​အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ကြ​လော့​”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​ငါ​၏ အိပ်​မက်​ကို​လည်း​ကောင်း၊ အ​နက်​ကို​လည်း ကောင်း​ဖော်​ပြ​နိုင်​ပါ​က ငါ​သည်​သင်​တို့ အား​ဆု​လာဘ်​များ​ပေး​၍​ဂုဏ်​ပြု​ချီး​မြှင့် မည်။ သို့​ဖြစ်​၍​အိပ်​မက်​ကို​လည်း​ကောင်း၊ အိပ်​မက်​၏​အ​နက်​ကို​လည်း​ကောင်း​ဖော် ပြ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 2:6
8 ပူးပေါင်းရင်းမြစ်များ  

ဒံ​ယေ​လ​ကို ချီး​မြှောက်​လျက်၊ များ​စွာ​သော ဆု​လာဘ်​သပ်​ပ​ကာ တို့​ကို​ပေး၍၊ ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​ကြီး​အ​ရာ၌​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​ကို အုပ်​စိုး​သော ဝန်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ၏။


ထို​အ​ခါ ဗေ​လ​ရှာ​ဇာ​မင်း​ကြီး မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒံ​ယေ​လ​ကို အ​ဝတ်​နီ​ဝတ်​ဆင်​စေ၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​ပြီး​မှ၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​သည်​ဟု မြို့​ကို​လည်၍ ဟစ်​ကြော်​ကြ၏။


ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု ဟစ်​ကြော်​ပြီး​လျှင်၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ဖော်​ပြ​နိုင်​သော​သူ​သည် အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​စေ​ဟု ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​အား အ​မိန့်​တော်​ရှိ၍၊


ငါ​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်​မည်။ ကိုယ်​တော်​တောင်း​သ​မျှ​ကို ပေး​မည်။ သို့​ဖြစ်၍​ကြွ​လာ​ပါ။ ဤ​လူ​မျိုး​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​ကြ၏။


ဗာ​လက်​မင်း​က​လည်း၊ ကိုယ်​တော်​ကို​ခေါ်​ပင့်​စေ​ခြင်း​ငှာ ငါ​သည် အ​ထပ်​ထပ်​စေ​လွှတ်​သည် မ​ဟုတ်​လော။ အ​ဘယ်​ကြောင့် နှေး​ပါ​သ​နည်း။ ကိုယ်​တော်​ကို ငါ​ချီး​မြှောက်​နိုင်​သည် မ​ဟုတ်​လော​ဟု ဗာ​လမ်​အား​ဆို​လျှင်၊


မော​ဘ​ပြည်​သား​အ​သက်​ကြီး​သူ​တို့​နှင့် မိ​ဒျန်​ပြည်​သား အ​သက်​ကြီး​သူ​တို့​သည် ပြု​စား​ခြင်း​လက်​ဆောင်​ပါ​လျက် သွား၍၊ ဗာ​လမ်​ထံ​သို့​ရောက်​သော​အ​ခါ၊ ဗာ​လက်​မင်း​စ​ကား​ကို ကြား​လျှောက်​လေ၏။


ထို​ကြောင့် သင့်​နေ​ရာ​ပြည်​သို့ ပြေး​သွား​လော့။ သင့်​ကို​ချီး​မြှောက်​မည်​ဟု အ​ထက်​က​ငါ​အ​ကြံ​ရှိ။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘုန်း​ကို မ​တိုး​ပွား​စေ​ခြင်း​ငှာ ဆီး​တား​လေ​ပြီ​ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ