ဒံယေလ 2:41 - Judson Bible in Zawgyi Version41 ရုပ်တု၏ခြေနှင့် ခြေချောင်းတို့သည် သရွတ်တစ်ပိုင်း သံတစ်ပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြားသော နိုင်ငံဖြစ်လိမ့်မည်။ သို့သော်လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်ဖြစ်၍၊ သံသည် ခိုင်မာခြင်းသတ္တိ ရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်41 ရုပ်တု၏ခြေနှင့် ခြေချောင်းတို့မှာ အိုးဖုတ်ရွှံ့စေးတစ်ပိုင်းနှင့် သံတစ်ပိုင်းဖြစ်သည်ကို အရှင်မင်းကြီးမြင်ခဲ့၏။ ဤနိုင်ငံသည် အချင်းချင်းကွဲပြားသောနိုင်ငံ ဖြစ်လိမ့်မည်။ အရှင်မင်းကြီးမြင်ရသည့်အတိုင်း ရွှံ့စေးနှင့် သံရောထားသည်ဖြစ်၍ ဤနိုင်ငံသည် သံကဲ့သို့ မာကျောလိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version41 ရုပ်တုကြီး၏ခြေဖမိုးနှင့်ခြေချောင်းများ သည်ရွှံ့စေးသရွတ်တစ်ပိုင်း၊ သံတစ်ပိုင်းဖြစ် ကြောင်းကိုအရှင်မင်းကြီးတွေ့မြင်တော်မူ ရသည်နှင့်အညီ အင်ပါယာနိုင်ငံသည်စိတ် ဝမ်းကွဲပြားသောနိုင်ငံဖြစ်ပါလိမ့်မည်။ သံ နှင့်ရွှံ့စေးသရွတ်ရော၍နေသည်ကိုထောက် ၍ ထိုနိုင်ငံတွင်သံကဲ့သို့ခိုင်မာတောင့်တင်း မှုအချို့အဝက်ရှိပါလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
ထိုညအခါ၊ တစ်ဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာသော ခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ်သော စတုတ္ထသားရဲသည် ထင်ရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသောအရာကို ခြေဖြင့်နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်းရှိ၏။