Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 2:38 - Judson Bible in Zawgyi Version

38 လူ​နေ​ရာ​ရှိ​သ​မျှ​တို့​နှင့် မြေ​ကြီး​သား တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို ကိုယ်​တော်​လက်၌ အပ်​ပေး၍၊ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ရှိ​တော်​မူ၏။ ကိုယ်​တော်​သည် ရုပ်​တု၏ ရွှေ​ဦး​ခေါင်း​ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

38 အရပ်ရပ်​ရှိ​လူသား​များ​၊ တောတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​ကို အရှင်မင်းကြီး​လက်​သို့ အပ်​တော်မူ​သဖြင့် အရှင်မင်းကြီး​သည် အလုံးစုံ​ကို အုပ်စိုး​ရ​ပါ​၏​။ ရုပ်တု​၏​ရွှေ​ဦးခေါင်း​သည် အရှင်မင်းကြီး​ပင် ဖြစ်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

38 ကိုယ်​တော်​သည်​အ​ရှင့်​အား​လူ​တို့​နေ​ထိုင် ရာ​ကမ္ဘာ​မြေ​ပြင်​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရစ္ဆာန်​နှင့်​ငှက်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အ​စိုး​ရ​စေ​တော်​မူ​ပါ​၏။ အ​ရှင်​မင်း​ကြီး သည်​ရုပ်​တု​ကြီး​၏​ရွှေ​ဦး​ခေါင်း​ဖြစ်​တော် မူ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 2:38
10 ပူးပေါင်းရင်းမြစ်များ  

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ဗိုလ်​ခြေ​အ​ပေါင်း၊ အ​စိုး​ရ​တော်​မူ​သ​မျှ​သော တိုင်း​နိုင်​ငံ​သား၊ လူ​မျိုး​အ​သီး​အ​သီး အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သ​မျှ​သော မြို့​ရွာ​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်၍၊


ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​မှ​စ၍ ဗိ​မာန်​တော်​တန်​ဆာ​အ​ချို့​တို့​ကို နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ အပ်​နှံ​တော်​မူ၍၊ ထို​တန်​ဆာ​များ​ကို နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ရှိ​နာ​ပြည်၌​ရှိ​သော မိ​မိ​ဘု​ရား၏​ကျောင်း​သို့ ယူ​သွား​ပြီး​လျှင်၊ ရွှေ​တိုက်၌ သွင်း​ထား​တော်​မူ၏။


သူ၏ ဦး​ခေါင်း​သည် ရွှေ​စင်​ဖြစ်၏။ ရင်​ပတ်​နှင့် လက်​နှစ်​ဖက်​သည် ငွေ​ဖြစ်၏။


ကိုယ်​တော်​နောက်၌ ကိုယ်​တော်၏​နိုင်​ငံ​လောက်​မ​မြတ်​သော နိုင်​ငံ​တစ်​ခု​သည် တည်​ထောင်​လိမ့်​မည်။ ထို​နောက်၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အုပ်​စိုး​သော ကြေး​ဝါ​နိုင်​ငံ​တည်း​ဟူ​သော တ​တိ​ယ​နိုင်​ငံ တည်​ထောင်​လိမ့်​မည်။


ထို​သို့ ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် မြင်​မက်​ရ​ပြီ။ ယ​ခု​တွင် အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ ငါ​မြင်​သော အိပ်​မက်​အ​နက်​ကို ဖော်​ပြ​လော့။ ငါ့​နိုင်​ငံ​တွင် ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် အ​နက်​ကို ငါ့​အား မ​ဖော်​မ​ပြ​နိုင်​သော်​လည်း၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​နှင့်​ပြည့်​စုံ၍ ဖော်​ပြ​နိုင်​သည်​ဟု ငါ​သည် ကိုယ်​မြင်​သော အိပ်​မက်​ကို ဒံ​ယေ​လ​အား​ပြန်​ပြော၏။


အ​ရှင်​မင်း​ကြီး၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်​သည် ခ​မည်း​တော် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး၌ နိုင်​ငံ​တော်​နှင့်​တ​ကွ ရွှေ​ဘုန်း​တော်​မြတ်၊ ဂုဏ်​အ​သ​ရေ​တော်​ကို ပေး​သ​နား​တော်​မူ၏။


ငါ ကြည့်​ရှု၍​နေ​စဉ်၊ သူ၏​အ​တောင်​ကို နုတ်​ကြ၏။ မြေ​မှ ကိုယ်​ကို ချီ​ကြွ​လျက် လူ​ကဲ့​သို့ ခြေ​ဖြင့်​မတ်​တပ်​ရပ်၍၊ လူ​စိတ်​သ​ဘော​ကို​လည်း​ရ၏။ ဒု​တိ​ယ​သား​ရဲ​သည် ဝံ​နှင့်​တူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ