ဒံယေလ 12:8 - Judson Bible in Zawgyi Version8 ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင်ပါမည်နည်းဟု မေးလျှောက်လျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 ထိုစကားတို့ကိုကြားရသော်လည်း ငါနားမလည်။ ထို့ကြောင့် ငါက “အကျွန်ုပ်၏သခင်၊ ဤအံ့ဖွယ်အမှုတို့၏အဆုံး၌ မည်သို့ဖြစ်မည်နည်း”ဟု သူ့အား မေးလျှောက်၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version8 ထိုသူပြောသောစကားကိုကြားသော်လည်း ငါသည်နားမလည်သဖြင့်``သို့ရာတွင်အရှင်၊ ထိုအမှုအရာများသည်အဘယ်သို့အဆုံး သတ်ပါမည်နည်း'' ဟုမေး၏။ အခန်းကိုကြည့်ပါ။ |
ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်း သူတို့၏အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူအရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဖက်ကို ကောင်းကင်သို့ချီလျက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆိုသည်ကို ငါကြား၏။
ထိုအခါ သန့်ရှင်းသူတစ်ပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတစ်ပါးက၊ ယခင်ပြောသောသူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကို နင်းခြင်းအလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်လည်းကောင်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်လည်းကောင်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် အဘယ်မျှကာလပတ်လုံး တည်လိမ့်မည်နည်းဟု မေးမြန်းလျှင်၊
ခရစ်တော်ခံတော်မူရသော ဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကိုလည်းကောင်း၊ သူတို့အထဲ၌ရှိသော ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သော သူကိုလည်းကောင်း၊ အဘယ်သို့သော အချိန်ကာလကိုလည်းကောင်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။-