ဒံယေလ 12:6 - Judson Bible in Zawgyi Version6 တစ်ပါးကလည်း၊ အံ့ဖွယ်သော ဤအမူအရာတို့သည် မကုန်စင်မီ အဘယ်မျှလောက် ကြာလိမ့်မည်နည်းဟု ပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာရှိသော လူကို မေးမြန်း၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 တစ်ယောက်က “ဤအံ့ဖွယ်အမှုသည် မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း”ဟု မြစ်ရေပြင်အထက်တွင်ရှိနေသော ပိတ်ချောထည်ဝတ်ဆင်ထားသူအား မေးလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 တစ်ယောက်ကမြစ်အထက်ပိုင်းတွင်ရပ် နေသူအား``ဤအံ့သြဖွယ်ကောင်းသည့် အမှုအရာများသည် အဘယ်ကာလမှ ပြီးဆုံးပါမည်နည်း'' ဟုမေး၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ သန့်ရှင်းသူတစ်ပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတစ်ပါးက၊ ယခင်ပြောသောသူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကို နင်းခြင်းအလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်လည်းကောင်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်လည်းကောင်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် အဘယ်မျှကာလပတ်လုံး တည်လိမ့်မည်နည်းဟု မေးမြန်းလျှင်၊
ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲ ချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။-
ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဖို့ မဟုတ်၊ သင်တို့အဖို့ ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင်သော စေတနာစိတ် ရှိကြ၏။