Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 1:4 - Judson Bible in Zawgyi Version

4 မ​ကောင်း​သော လ​က္ခ​ဏာ​ကင်း​လျက်၊ လှ​သော​အ​ဆင်း​သ​ဏ္ဌာန်​နှင့် ပြည့်​စုံ၍၊ ကောင်း​သော​ဉာဏ်​နှင့် တ​ကွ အ​ထူး​ထူး​အ​ပြား​ပြား​သော အ​တတ်​ပ​ညာ​များ​ကို လေ့​ကျက်၍၊ နန်း​တော်၌ အ​မှု​ထမ်း​ခြင်း​ငှာ တတ်​စွမ်း​နိုင်​သော​လူ​ပျို​တို့​ကို ဣ​သ​ရေ​လ မင်း​မျိုး​မင်း​သား​ထဲ​က ရွေး​ကောက်၍၊ ခါ​လ​ဒဲ​ဘာ​သာ​အ​တတ်​ကို​သင်​စေ​ဟု အ​မိန့်​တော်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

4 ကိုယ်အင်္ဂါ​မ​ချို့ယွင်း​သူ​၊ ကိုယ်ခန္ဓာ​သန်မာ​ထွားကျိုင်း​သူ​၊ ဘက်စုံထူးချွန်​သူ​၊ အသိပညာ​ကြွယ်ဝ​သူ​၊ နန်းတွင်း​၌​အမှုထမ်း​နိုင်စွမ်း​သူ လူငယ်​တို့​ကို ခါလဒဲ​စာပေ​နှင့် ဘာသာစကား​ကို သင်ကြား​ပေး​ရန် အမိန့်ပေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 1:4
23 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ၌ ခ​စား​ခွင့်​ရ​သော​အ​ခါ၊ အ​သက်​အ​နှစ်​သုံး​ဆယ်​ရှိ​သ​တည်း။ အ​ထံ​တော်​က​ထွက်၍ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး သို့​သွား​လေ၏။


ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​တွင် အ​ဗ​ရှ​လုံ​ကဲ့​သို့ အ​ဆင်း​လှ၍ ချီး​မွမ်း​ရ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် အ​ပြစ်​တစ်​ခု​မျှ​မ​ရှိ။


ဆောင်​ရွက်​စ​ရာ​အ​မှု​ကို ကြိုး​စား၍ ပြီး​စီး​စေ​တတ်​သော​သူ​ရှိ​သ​လော။ ထို​သူ​သည် သာ​မ​ည​လူ၏​အ​မှု​ကို မ​ဆောင်​ရွက်၊ ရှင်​ဘု​ရင်၏​အ​မှု​တော်​ကို ဆောင်​ရွက်၏။


မြို့​ထဲ​မှာ​နေ​သော သူ​ရဲ​တစ်​ကျိပ်​ထက် ပ​ညာ​ရှိ​သော​သူ​တစ်​ယောက်​သည် ပ​ညာ​အား​ဖြင့်​သာ၍ တန်​ခိုး​ကြီး၏။


ထို​အ​ခါ ဧ​လျာ​ကိမ်၊ ရှေ​ဗ​န၊ ယော​အာ​တို့​က၊ ရှု​ရိ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျွန်​တော်​တို့​အား အ​မိန့်​ရှိ​ပါ​လော့။ ထို​စ​ကား​ကို ကျွန်​တော်​တို့​သည် နား​လည်​ပါ၏။ မြို့​ရိုး​ပေါ်​မှာ​ရှိ​သော​သူ​တို့​သည် ကြား​ရ​အောင်၊ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​မိန့်​မ​ရှိ​ပါ​နှင့်​ဟု ရာ​ဗ​ရှာ​ခ​ကို ဆို​ကြ​လျှင်၊


ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင့်​ကို တိုက်​စေ​ဖို့ လူ​တစ်​မျိုး​ကို ဝေး​သော​အ​ရပ်​က ငါ​ဆောင်​ခဲ့​မည်။ အား​ကြီး​သော​အ​မျိုး၊ ရှေး​ကာ​လ၌ ဖြစ်​ဖူး​သော​အ​မျိုး၊ သူ​တို့​စ​ကား​ကို သင်​မ​သိ နား​မ​လည်​သော​အ​မျိုး ဖြစ်​လိမ့်​မည်။


ခါ​လ​ဒဲ​ဆ​ရာ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၏ အ​မှု​အ​ရာ​ကို ဖြေ​နိုင်​မည်​သူ၊ မြေ​ကြီး​ပေါ်​မှာ တစ်​ယောက်​မျှ မ​ရှိ​ပါ။ အ​ဘယ်​မည်​သော ရှင်​ဘု​ရင်​သည် ဘုန်း​တန်​ခိုး ကြီး​သော်​လည်း၊ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ဤ​သို့​မေး​မြန်း​လေ့​မ​ရှိ​ပါ။


အိပ်​မက်​တော်​ကို ပြန်​ပြော​စေ​ခြင်း​ငှာ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ သူ​ပြု​ဆ​ရာ၊ ခါ​လ​ဒဲ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ သူ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​ကြ​သည်​ရှိ​သော်၊


ထို​အ​ခါ၊ ခါ​လ​ဒဲ​လူ​အ​ချို့​တို့​သည် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ထံ​တော်​သို့ ချဉ်း​ကပ်​လျက်၊


မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် ဝင်​ကြ​လျှင်၊ ငါ​မြင်​မက်​သော အိပ်​မက်​ကို သူ​တို့​အား ပြ​ပြော​သော်​လည်း၊ သူ​တို့​သည် အ​နက်​ကို မ​ဖော်​မ​ပြ​နိုင်​ကြ။


သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သော သူ​တစ်​ယောက်​သည် နိုင်​ငံ​တော်​တွင် ရှိ​ပါ၏။ ခ​မည်း​တော်​ဘု​ရား လက်​ထက်​တော်၌၊ ထို​သူ​တွင် ဘု​ရား​ပ​ညာ​နှင့်​တူ​သော ပ​ညာ​ဉာဏ်​သ​တ္တိ ထင်​ရှား​လျက်​ရှိ​ပါ၏။ ထို​သူ​ကို ခ​မည်း​တော်​ဘု​ရား နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​အ​ပေါ်​တွင် ဆ​ရာ​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။


ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​ကို ခေါ်​ချေ​ဟု ဟစ်​ကြော်​ပြီး​လျှင်၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ဖော်​ပြ​နိုင်​သော​သူ​သည် အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​စေ​ဟု ဗာ​ဗု​လုန်​ပ​ညာ​ရှိ​တို့​အား အ​မိန့်​တော်​ရှိ၍၊


ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး၍ အ​နှစ်​ခု​နစ်​ဆယ် လွန်​စေ​မည်​ဟု၊


သင်​သည်​ပြေး၍ ထို​လု​လင်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ယေ​ရု​ရှ​လင်​မြို့​သား လူ​သ​တ္တ​ဝါ​တိ​ရ​စ္ဆာန်​တို့​သည် အ​လွန်​များ​သော​ကြောင့် ရွာ​တို့၌ နေ​ရ​ကြ​လိမ့်​မည်။


ထို​အ​ခါ အ​လွန်​အ​ဆင်း​လှ​သော မော​ရှေ​ကို ဖွား​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး အ​ဘ၏​အိမ်​တွင် ကျွေး​မွေး​ကြ၏။-


မော​ရှေ​သည်​လည် အဲ​ဂု​တ္တု အ​တတ်​ပ​ညာ အ​လုံး​စုံ​တို့​ကို​သင်၍၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​ရှိ၏။-


ထို​အ​ခါ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​အား တာ​ဗော်​မြို့​မှာ သင်​တို့​သတ်​ခဲ့​သော သူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မေး​မြန်း​သော်၊ ထို​သူ​တို့​က၊ ကိုယ်​တော်​ဖြစ်​သ​ကဲ့​သို့ သူ​တို့​ရှိ​သ​မျှ​သည် ဖြစ်၍၊ ရှင်​ဘု​ရင်​သား၏ အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​ကြ​ပါ၏​ဟု ပြန်​ပြော​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ