Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 1:1 - Judson Bible in Zawgyi Version

1 ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ် နန်း​စံ​သုံး​နှစ်​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​လာ၍ ဝန်း​ရံ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး နန်းစံ​တတိယ​နှစ်​တွင် ဘေဘီလုံ​ဘုရင် နေဗုခဒ်နေဇာ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့ ချီတက်​၍ မြို့​ကို​ဝိုင်းထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ယု​ဒ​ဘု​ရင်​ယော​ယ​ကိမ်​နန်း​စံ​သုံး​နှစ်​မြောက် ၌ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ရု ရှ​လင်​မြို့​သို့​ချီ​တက်​ဝိုင်း​ရံ​ထား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 1:1
14 ပူးပေါင်းရင်းမြစ်များ  

ယော​ယ​ကိမ်​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​ရှိ​သော်​နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ တစ်​ဆယ်​တစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား၊ ရု​မ​မြို့​သား ပေ​ဒဲ​ယ၏​သ​မီး ဇေ​ဗု​ဒ​အ​မည်​ရှိ၏။


ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ဖူး​သည်​အ​တိုင်း ဗိ​မာန်​တော်​ဘ​ဏ္ဍာ​နှင့် နန်း​တော်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို သိမ်း​သွား၍၊ ဗိ​မာန်​တော်​အ​ဖို့ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​လုပ်​သော ရွှေ​တန်​ဆာ​အ​လုံး​စုံ​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လေ၏။


သင်​နှင့်​နွယ်၍​ရ​သော သင်၏​သား​မြေး​တို့​ကို​လည်း​ယူ​သွား၍၊ သူ​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​နန်း​တော်၌၊ လူပျို​တော်လုပ်​ရ​ကြ​လိမ့်​မည်​ဟု ဟေ​ဇ​ကိ​မင်း​အား ပြော​ဆို​လေ၏။


ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး​သား​ယော​ယ​ကိမ် နန်း​စံ စ​တု​တ္ထ​နှစ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​ကို ရည်​မှတ်၍၊ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​ကို၊


ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား ယော​ယ​ကိမ်​မင်း​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊


ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဤ​ပြည်​သို့​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​က၊ လာ​ကြ။ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​နှင့် ရှု​ရိ​စစ်​သူ​ရဲ​တို့​ကို ကြောက်​စ​ရာ​ရှိ​သည်​ဟု အ​ချင်း​ချင်း ပြော​ဆို၍၊ ယ​ခု​ယေ​ရှု​ရှ​လင်​မြို့၌ နေ​ကြ​ပါ​သည်​ဟု ဆို​ကြ၏။


ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား ယော​ယ​ကိမ်​မင်း နန်း​စံ​လေး​နှစ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ​သည်​ကား၊


ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှိ​သား ယော​ယ​ကိမ်​လက်​ထက်၊ နေ​ရိ​သား​ဗာ​ရုတ်​သည်၊ ယေ​ရ​မိ​မြွက်​ဆို​သည်​အ​တိုင်း၊ စ​ကား​တော်​များ​ကို စာ၌ ရေး​ထား​သော​နောက်၊ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ဗာ​ရုတ်​အား​ဆင့်​ဆို​ရ​သော နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊


ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​ဗု​လုန်​မြို့​နှင့် ခါ​လ​ဒဲ​ပြည်​ကို​ရည်​မှတ်၍၊ ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊


ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ​တစ်​ဆယ်​ကိုး​နှစ်၊ ပ​ဉ္စ​မ​လ ဆယ်​ရက်​နေ့​တွင်၊ အ​မှု​တော်​ထမ်း​ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ၍၊


နေ​ဗု​ခဒ်​နေ​ဇာ​မင်း သိမ်း​သွား​သော လူ​ဟူ​မူ​ကား၊ နန်း​စံ​ခု​နစ်​နှစ်​တွင်၊ ယု​ဒ​အ​မျိုး​သား သုံး​ထောင်​နှစ်​ဆယ် သုံး​ယောက်​တို့​ကို သိမ်း​သွား​လေ၏။


ဒံ​ယေ​လ​ကို အ​ထံ​တော်​သို့ ခေါ်​သွင်း​လေ၏။ ရှင်​ဘု​ရင်​က၊ ငါ့​ခ​မည်း​တော်​ဘု​ရား​သည် ယု​ဒ​ပြည်​က သိမ်း​ယူ​တော်​မူ​ခဲ့၍၊ ယု​ဒ​လူ​စု၌​ပါ​သော ဒံ​ယေ​လ မှန်​သ​လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ