Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကော​လော​သဲ 1:3 - Judson Bible in Zawgyi Version

3-5 သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​ယုံ​ကြည်၍၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ကြ​သည်​ဟု ငါ​တို့​သည် ကြား​သ​ဖြင့်​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​သည် အ​ထက်​က ကြား​သိ​ကြ​သည်​အ​တိုင်း၊ သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​သော မျှော်​လ​င့်​ရာ​ကို ထောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ငါ​တို့​သည် သင်​တို့​အတွက် အစဉ်အမြဲ​ဆုတောင်း​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​တည်းဟူသော ဘုရားသခင်​ကို ကျေးဇူးတင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 ငါ​တို့​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း​ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ကော​လော​သဲ 1:3
16 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​ခ​ရစ်၏​အ​လို​တော်​အ​တိုင်း အ​ချင်း​ချင်း စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​မည်​အ​ကြောင်း၊ သည်း​ခံ​ခြင်း၊ သက်​သာ​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။


အ​ထက်​က ခ​ရစ်​တော်၏​သက်​သေ​ကို သင်​တို့​တွင် တည်​စေ​သည်​ရှိ​သော်၊-


သ​နား​ခြင်း​က​ရု​ဏာ၏​အ​ဘ၊ သက်​သာ​ခြင်း အ​မျိုး​မျိုး​တို့၏​အ​ရှင်​တည်း​ဟူ​သော ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော် ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​တည်း။-


ထို​ကြောင့် သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယုံ​ကြည်​ခြင်း​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ခြင်း​အ​ကြောင်း​ကို ငါ​သည်​ကြား​ပြီး​လျှင်၊-


ကာ​လ​အ​စဉ် စိတ်​နှ​လုံး​ပါ​လျက် ဆု​တောင်း ပ​တ္ထ​နာ​ပြု​ခြင်း​အ​မျိုး​မျိုး​တို့​ဖြင့် ဆု​တောင်း​ကြ​လော့။ ထို​သို့ ဆု​တောင်း​ခြင်း​ငှာ အား​မ​လျော့​ဘဲ​လျက်၊ ငါ​မှ​စ၍ သန့်​ရှင်း​သူ အ​ပေါင်း​တို့​အ​ဖို့ ဆု​တောင်း​လျက် စောင့်​ရှောက်​ကြ​လော့။-


အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။-


မှောင်​မိုက်​တန်​ခိုး​မှ​လည်း ငါ​တို့​ကို​နုတ်၍၊ ချစ်​တော်​မူ​သော သား​တော်၏​နိုင်​ငံ​ထဲ​သို့ သွင်း​တော်​မူ၏။-


ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သည်​နေ့​မှ​စ၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။ ဆု​တောင်း​သော​အ​ချက် ဟူ​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​အ​မျိုး​မျိုး​တည်း ဟူ​သော အ​သီး​ကို​သီး​ခြင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော ဉာဏ်​တိုး​ပွား​ခြင်း​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ရာ​ရာ၌​သည်း​ခံ​ခြင်း၊ စိတ်​ရှည်​ခြင်း​အ​လို​ငှာ၊ ဘုန်း​ကြီး​သော တန်​ခိုး​တော်​အ​တိုင်း ခွန်​အား​နှင့် ပြည့်​စုံ​သ​ဖြင့်​လည်း​ကောင်း၊ ခ​မည်း​တော်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ သ​ခင်​ဘု​ရား​နှင့် ထိုက်​လျောက်​စွာ ကျင့်၍ အ​ရာ​ရာ၌ နှစ်​သက်​တော်​မူ​စေ​ခြင်း​ငှာ၊ ပ​ညာ​အ​မျိုး​မျိုး၊ ဓ​မ္မ​ဉာဏ်​အ​မျိုး​မျိုး​အား​ဖြင့် အ​လို​တော်​ကို အ​ကုန်​အ​စင် နား​လည်​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။-


ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌၊ သင်​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် အ​ကျင့်​ကို​ကျင့်​ခြင်း၊ ချစ်​သော​စိတ်​နှင့် ကြိုး​စား​အား​ထုတ်​ခြင်း၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို မျှော်​လ​င့်​သော​စိတ်​နှင့် တည်​ကြည်​ခြင်း​တို့​ကို ငါ​တို့​သည် အ​စဉ်​မ​ပြတ် အောက်​မေ့​လျက်၊ ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သော ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ရွေး​ကောက်​တော်​မူ​ခြင်း​ကို သိ​လျက်၊ သင်​တို့​အ​ပေါင်း​ကို အ​ကြောင်း​ပြု​သ​ဖြင့်၊-


သင်၏​မျက်​ရည်​ကို ငါ​အောက်​မေ့​သော​အ​ခါ၊ ဝမ်း​မြောက်​ခြင်း​နှင့်​ပြည့်​စုံ​မည်​အ​ကြောင်း၊ သင့်​ကို တွေ့​မြင်​ခြင်း​ငှာ အ​လွန်​လွမ်း​သော​စိတ် ရှိ​သ​ဖြင့်​လည်း​ကောင်း၊ သင်၏​အ​ဖွား​လော​ဣ၊ အ​မိ​ဥ​နိတ်၌ အ​ရင်​တည်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော၊ ငါ​သ​ဘော​ကျ​သည်​အ​တိုင်း၊ သင်၌​လည်း​တည်​သော ယုံ​ကြည်​ခြင်း​စစ်​ကို မှတ်​မိ​သ​ဖြင့်​လည်း​ကောင်း၊ နေ့​ည​မ​ပြတ်​ဆု​တောင်း ပ​တ္ထ​နာ​ပြု​သည်​တွင်၊ သင့်​ကို မ​ခြား​မ​လပ် အောက်​မေ့​သည်​ဖြစ်၍၊ ငါ့​ဘိုး​ဘေး​ကိုး​ကွယ်​သည်​အ​တိုင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော စိတ် စင်​ကြယ်​ခြင်း​နှင့်​တ​ကွ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ