Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကော​လော​သဲ 1:20 - Judson Bible in Zawgyi Version

20 လက်​ဝါး​ကပ်​တိုင်​မှာ သွန်း​သော အ​သွေး​တော်​အား​ဖြင့် ရန်​ကို​ငြိမ်း​စေ၍၊ ကောင်း​ကင်​အ​ရာ​ဖြစ်​စေ၊ မြေ​ကြီး​အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​ရှိ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

20 လက်ဝါးကပ်တိုင်​ပေါ်၌​သွန်း​သော သား​တော်​၏​သွေး​တော်​အားဖြင့် ရန်ငြိမ်း​စေ​၍ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ ခပ်သိမ်း​သော​အရာ​တို့​ကို သား​တော်​အားဖြင့် မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​လည်းကောင်း အလိုရှိ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

20 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သား​တော်​အား ဖြင့်​စ​ကြ​ဝ​ဠာ​တစ်​ခု​လုံး​ကို မိ​မိ​ထံ​ပြန် လာ​စေ​ရန်​ဆုံး​ဖြတ်​တော်​မူ​၏။ သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​အ​သေ​ခံ​စေ​တော် မူ​ခြင်း​အား​ဖြင့်​ရန်​ကို​ငြိမ်း​စေ​တော်​မူ​၏။ ဤ​နည်း​အား​ဖြင့်​ကမ္ဘာ​မြေ​ကြီး​နှင့်​ကောင်း ကင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​အား​မိ​မိ ထံ​ပြန်​လာ​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကော​လော​သဲ 1:20
22 ပူးပေါင်းရင်းမြစ်များ  

အ​လွန်​သန့်​ရှင်း​ပေ၏။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​သွေး​ကို သန့်​ရှင်း​ရာ​ဌာ​န၌ အ​ပြစ်​ဖြေ​ခြင်း​ငှာ၊ ပ​ရိတ်​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​တွင်း​သို့​ဆောင်​ခဲ့​လျှင်၊ ထို​ယဇ်​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။


အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။


အာ​ရှု​ရိ​လူ​သည် ငါ​တို့​ပြည်​သို့​လာ၍၊ ငါ​တို့ ဘုံ​ဗိ​မာန်​များ​ကို​နင်း​သော​အ​ခါ၊ သိုး​ထိန်း​ခု​နစ်​ပါး​နှင့် လူ​ကြီး​ရှစ်​ပါး​တို့​သည် ငါ​တို့​တွင် ပေါ်​ထွန်း၍၊


မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ဂိ​ဒေါ​နိ​သား​အ​ဘိ​ဒန်​သည် ပူ​ဇော်​လေ၏၊


သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​သည် မိ​မိ​လူ​တို့​ကို​အ​ပြစ်​မှ ကယ်​ချွတ်​မည်​သူ ဖြစ်​သော​ကြောင့်၊ ယေ​ရှု​ဟူ​သော​အ​မည်​ဖြင့် မှည့်​ရ​မည်​ဟု ကောင်း​ကင်​တ​မန်​ဆို၏။-


ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​ပေါ်​၌​လည်း ငြိမ်​သက်​ခြင်း ရှိ​စေ​သ​တည်း။ လူ​တို့​အား မေ​တ္တာ​က​ရု​ဏာ ရှိ​စေ​သ​တည်း​ဟု ဘု​ရား​သ​ခင်​ကို ချီး​မွမ်း၍​မြွက်​ဆို​ကြ၏။


ကော်​နေ​လိ​က​လည်း၊ အ​ကျွန်ုပ်​သည် ယ​ခု​အ​ချိန် နာ​ရီ​တိုင်​အောင် အ​စာ​ရှောင်၍ သုံး​ချက်​တီး​အ​ချိန်​တွင် အိမ်၌​ဆု​တောင်း​လျက် နေ​သည်၊ ယ​ခု လေး​ရက်​ရှိ​ပါ​ပြီ။ ထို​အ​ချိန်၌ လူ​တစ်​ယောက်​သည် ထွန်း​တောက်​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ကျွန်ုပ် ရှေ့​မှောက်၌​ရပ်၍၊-


ထို​ကြောင့်၊ ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ရှိ၍ ဖြောင့်​မတ်​ရာ​သို့​ရောက်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ငြိမ်​သက်​ခြင်း​ကို ခံ​စား​ကြ၏။-


ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား၊ ကာ​လ​အ​ချိန်​စေ့​စုံ​ခြင်း၏ သာ​သ​နာ​တွင် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​ပေါင်း၍ ခ​ရစ်​တော်၌ ချုပ်​ခြာ စေ​တော်​မူ​လိမ့်​သ​တည်း။-


အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​သ​တ္တ​ဝါ၊ မြေ​ကြီး​သ​တ္တ​ဝါ၊ မြေ​ကြီး​အောက်၌​ရှိ​သော သ​တ္တ​ဝါ​တည်း​ဟူ​သော ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​သည် ယေ​ရှု၏​ဘွဲ့​နာ​မ​တော်​ကို ဒူး​ထောက်၍၊-


အ​ကြောင်း​မူ​ကား၊ ထို​သား​တော်​သည် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော ရူ​ပ​အ​ရာ၊ အ​ရူ​ပ​အ​ရာ၊ ရာ​ဇ​ပ​လ္လင်​ဖြစ်​စေ၊ အ​စိုး​ရ​ခြင်း​တန်​ခိုး​ဖြစ်​စေ၊ အ​ထွဋ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​စက်​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ဖန်​ဆင်း​လျက်​ဖြစ်​ကြ၏။-


ထို​ကြောင့်၊ ခ​ရစ်​တော်​သည် လူ​တို့၏ အ​ပြစ်​ဖြေ​စ​ရာ​အ​ကြောင်း​ကို စီ​ရင်၍၊ ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့၌ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ဖြစ်​အံ့​သော​ငှာ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့် လုံး​လုံး​တူ​ရ​သော အ​ကြောင်း​ရှိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ