အာမုတ် 4:1 - Judson Bible in Zawgyi Version1 ဆင်းရဲသောသူတို့ကို ညှဉ်းဆဲလျက်၊ ငတ်မွတ်သောသူတို့ကို နှိပ်စက်လျက်၊ မိမိသခင်တို့အား ငါတို့သောက်ဖို့ယူခဲ့ကြဟု ဆိုတတ်လျက်၊ ရှမာရိတောင်ပေါ်မှာနေသော ဗာရှန်နွားတို့၊ ဤစကားတော်ကို နားထောင်ကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ဆင်းရဲသားတို့ကိုနှိပ်စက်ပြီး နွမ်းပါးသူတို့ကိုညှဉ်းဆဲကာ မိမိသခင်တို့ကိုပင် “ငါတို့အတွက် သောက်စရာယူခဲ့ပါ”ဟု ဆိုတတ်သော ရှမာရိတောင်ပေါ်မှ ဗာရှန်နွားမတို့၊ ဤစကားကို နားထောင်ကြလော့။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 အားနွဲ့သူများကိုညှင်းဆဲပြီးဆင်းရဲ သူများကိုဖိနှိပ်၍ မိမိလင်တို့အားငါ တို့သောက်ဖို့အရက်ယူခဲ့ဟုအမိန့်ပေး လျက်၊ အစားကောင်းစားရသောဗာရှန် နွားမများကဲ့သို့ ဝဖီးနေကြသည့်ရှမာရိ မိန်းမတို့ဤစကားကိုနားထောင်လော့။- အခန်းကိုကြည့်ပါ။ |
ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင်ဆုံးဖြတ်ခြင်း အမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိသည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူ တစ်ယောက်ကိုတစ်ယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက် ရှိတော်မူ၏။
သင်တို့ကို စစ်ကြောစီရင်ခြင်းငှာ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန်သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှားကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သောသူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တစ်ဖက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။