Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 8:36 - Judson Bible in Zawgyi Version

36 ထို​သို့​လမ်း၌​သွား​ကြ​စဉ် ရေ​ရှိ​ရာ​သို့​ရောက်၍၊ အ​မတ်​က​လည်း ဤ​အ​ရပ်​တွင်​ရေ​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို ဗ​တ္တိ​ဇံ​မ​ခံ​စေ​ခြင်း​ငှာ မည်​သည့်​အ​ကြောင်း ဆီး​တား​ပါ​သ​နည်း​ဟု ပြော​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

36 သူ​တို့​သည် လမ်း​အတိုင်း ခရီးဆက်​သွား​ကြ​စဉ် ရေ​ရှိ​ရာ​အရပ်​သို့​ရောက်လာ​သဖြင့် မှူးမတ်​က “ကြည့်​ပါ။ ရေ​ရှိ​သည်။ အကျွန်ုပ်​ဗတ္တိဇံ​ခံ​ရန် တားဆီး​သည့်​အရာ​ရှိ​ပါ​သလော”​ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

36 သူ​တို့​နှစ်​ယောက်​သည်​ဆက်​လက်​၍​ခ​ရီး​ပြု ကြ​စဉ်​ရေ​ရှိ​သည့်​အ​ရပ်​သို့​ရောက်​ကြ​၏။ ထို အ​ခါ​အ​ရာ​ရှိ​က``ဤ​အ​ရပ်​တွင်​ရေ​ရှိ​ပါ​၏။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​အ​ကျွန်ုပ်​မ​ခံ​ယူ​စေ​ရန် ဆီး​တား​သည့်​အ​ကြောင်း​ရှိ​ပါ​သ​လော'' ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 8:36
9 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။


ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။


မိ​မိ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​လျက် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။


ယော​ဟန်​သည်​လည်း၊ ရှာ​လိမ်​မြို့​နှင့်​အ​နီး အဲ​နုန်​အ​ရပ်၌ ရေ​များ​သော​ကြောင့်၊ ဗ​တ္တိ​ဇံ​ကို​ပေး၍ နေ​သ​ဖြင့်၊ လူ​များ​တို့​သည်​လာ၍ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။-


ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။-


ထို​အ​ခါ ပေ​တ​ရု​က၊ ငါ​တို့​ကဲ့​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ရ​သော ဤ​သူ​တို့​ကို ဗ​တ္တိ​ဇံ​မ​ပေး​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် ရေ​ကို မြစ်​တား​နိုင်​သ​နည်း ဟု​ဆို​လျက်၊-


ဖိ​လိ​ပ္ပု​က၊ သင်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​လျှင် ခံ​ရ​သည်​ဟု​ဆို​လေ၏။ အ​မတ်​က​လည်း၊ ယေ​ရှု​ခ​ရစ်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​သည်​ဟု ဝန်​ခံ၍၊-


ထို​သ​ခင်​ကား၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​သော​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ပေ​တည်း။ ရေ​အား​ဖြင့်​သာ​မ​ဟုတ်၊ ရေ​အား​ဖြင့်​လည်း​ကောင်း၊ အ​သွေး​အား​ဖြင့်​လည်း​ကောင်း ကြွ​လာ​တော်​မူ၏။ သက်​သေ​ခံ​ဟူ​မူ​ကား၊ ဝိ​ညာဉ်​တော်​သည် သ​မ္မာ​တ​ရား​ဖြစ်၍ သက်​သေ​ခံ​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ