တမန်တော် 7:55 - Judson Bible in Zawgyi Version55 သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကိုလည်းကောင်း၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ယေရှုရပ်နေသည်ကိုလည်းကောင်း မြင်လျှင်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်55 သို့သော် သတေဖန်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ကောင်းကင်သို့ စေ့စေ့ကြည့်လေရာ ဘုရားသခင်၏ဘုန်းတော်ကိုလည်းကောင်း၊ သခင်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်းကောင်း မြင်လျက် အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version55 သို့သော်သတေဖန်သည်သန့်ရှင်းသောဝိညာဉ် တော်နှင့်ပြည့်ဝလျက် ကောင်းကင်သို့ကြည့်လိုက် သောအခါ ဘုရားသခင်၏ဘုန်းအသရေတော် ကိုလည်းကောင်း၊ ဘုရားသခင်၏လက်ယာတော် ဘက်တွင်လူသားရပ်လျက်နေတော်မူသည် ကိုလည်းကောင်းမြင်လေ၏။- အခန်းကိုကြည့်ပါ။ |
ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုးနှင့် ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူဖြစ်လျက်၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင်၊ မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော်၏ လက်ယာဘက်၌ ထိုင်တော်မူ၏။