Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 7:26 - Judson Bible in Zawgyi Version

26 နက်​ဖြန်​နေ့၌ အ​ချင်း​ချင်း ခိုက်​ရန်​ပြု​ကြ​သော သူ​တို့​ရှိ​ရာ​သို့ သွား၍၊ အ​ချင်း​လူ​တို့၊ ညီ​အစ်​ကို​ချင်း ဖြစ်​လျက်​နှင့် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု ဆို၍ ရန်​ငြိမ်း​ရာ​သို့ သွေး​ဆောင်​သည်​ရှိ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 နောက်တစ်နေ့​တွင် မောရှေ​သည် အစ္စရေး​လူမျိုး​အချင်းချင်း​ခိုက်ရန်​ဖြစ်​နေ​ကြ​သည်​ကို​မြင်​၍ ‘မိတ်ဆွေ​တို့၊ သင်​တို့​သည် ညီအစ်ကို​ချင်း​ဖြစ်​ကြ​ပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်း​မတရား​သဖြင့်​ပြု​ကြ​သနည်း’​ဟု သူ​တို့​အား​ဆို​လျက် သင့်မြတ်​ငြိမ်းချမ်း​ကြ​ရန် ဖျန်ဖြေ​ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

26 နောက်​တစ်​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား နှစ်​ယောက်​ခိုက်​ရန်​ဖြစ်​လျက်​နေ​ကြ​သည်​ကို တွေ့​လျှင် မော​ရှေ​က`သင်​တို့​သည်​ညီ​အစ်​ကို​ချင်း ဖြစ်​ပါ​လျက်​နှင့် အ​ဘယ်​ကြောင့်​ခိုက်​ရန်​ဖြစ် နေ​ကြ​ပါ​သ​နည်း' ဟု​ဆို​၍​ဖျန်​ဖြေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 7:26
12 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​က​လည်း၊ ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​ဖြစ်​လျက်၊ ငါ​နှင့် သင်၌​လည်း​ကောင်း၊ ငါ့​နွား​ကျောင်း​သား​တို့​နှင့်၊ သင့်​နွား​ကျောင်း​သား​တို့၌​လည်း​ကောင်း၊ ခိုက်​ရန်​မ​ရှိ​ပါ​စေ​နှင့်။


သင်​တို့​သည် လမ်း၌​ရန်​မ​တွေ့​ကြ​နှင့်​ဟု​မှာ​ထား​လျက် အစ်​ကို​တို့​ကို လွှတ်​လိုက်၍ သူ​တို့​သည်​သွား​ကြ၏။


ညီ​အစ်​ကို​တို့​သည် သ​ဘော​တူ​လျက် ပေါင်း​ဖော်​ကြ​သည်​အ​ရာ​မှာ အ​လွန်​ကောင်း​ပေ၏။ အ​လွန်​တင့်​တယ် လျောက်​ပတ်​ပေ၏။


အ​ငြိုး​ထား​သော ညီ​အစ်​ကို​သည် ခိုင်​ခံ့​သော​မြို့​ထက် သာ၍​ခက်၏။ ညီ​အစ်​ကို ရန်​တွေ့​ခြင်း​အ​မှု​သည် ရဲ​တိုက်​တံ​ခါး​ကျင်​ကဲ့​သို့ ဖြစ်၏။


ယေ​ရှု​သည် စည်း​ဝေး​သော​သူ​တို့​ကို လွှတ်​တော်​မူ​စဉ်​တွင်၊ တ​ပည့်​တော်​တို့​ကို လှေ​စီး​စေ၍ ကမ်း​တစ်​ဖက်​သို့ အ​ရင် ကူး​စေ​တော်​မူ၏။-


ဘု​ရား​သ​ခင်​သည် ဤ​သူ​လက်​ဖြင့် ငါ​တို့​ကို ကယ်​နုတ်​တော်​မူ​မည်​အ​ရာ​ကို ညီ​အစ်​ကို​တို့​သည် နား​လည်​လိမ့်​မည်​ဟု ထင်​မှတ်​သော်​လည်း၊ ထို​သူ​တို့​သည် နား​မ​လည်​ဘဲ​နေ​ကြ၏။-


ထို​ကြောင့် ခ​ရစ်​တော်၌​သက်​သာ​ခြင်း၊ မေ​တ္တာ​နှင့်​စပ်​ဆိုင်​သော ချမ်း​သာ​ခြင်း၊ ဝိ​ညာဉ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သ​နား​စုံ​မက်​ခြင်း​တည်း​ဟူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊-


ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကို မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ