Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 3:2 - Judson Bible in Zawgyi Version

2 အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သော သူ​တစ်​ယောက်​ကို သူ​တစ်​ပါး​တို့​သည် ထမ်း​လျက်​လာ​ကြ၏။ ဗိ​မာန်​တော်​သို့ ဝင်​သော​သူ​တို့​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ​စေ​ခြင်း​ငှာ၊ တင့်​တယ်​အ​မည်​ရှိ​သော တံ​ခါး​နား​မှာ ထို​သူ​ကို​ထား​လေ့​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ထိုစဉ် လူ​တို့​သည် အမိ​ဝမ်းတွင်း​က​ပင် ခြေ​မသန်စွမ်း​သူ​တစ်​ဦး​ကို ထမ်း​လာ​ကြ​၏။ သူ​သည် ဗိမာန်​တော်​ထဲသို့​ဝင်​သော​သူ​တို့​ထံမှ ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​တောင်းခံ​ရန်​အတွက် လူ​တို့​သည် သူ့​ကို တင့်တယ်​ဟု​ခေါ်​သော ဗိမာန်​တော်​တံခါး​အနီး​တွင် နေ့တိုင်း​ချထား​လေ့​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 တင့်​တယ်​ဟု​ခေါ်​သော​တံ​ခါး​အ​နီး​တွင်​ဝမ်း တွင်း​ပါ​ခြေ​မ​စွမ်း​မ​သန်​သူ​လူ​တစ်​ယောက် ထိုင်​လျက်​ရှိ​၏။ ဗိ​မာန်​တော်​ထဲ​သို့​လာ​ကြ သော​သူ​များ​ထံ​မှ​ကြေး​ငွေ​တောင်း​ခံ​နိုင်​ရန် နေ့​စဉ်​နေ့​တိုင်း​ထို​သူ​ကို​တံ​ခါး​အ​နီး​တွင် ချ​ထား​လေ့​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 3:2
9 ပူးပေါင်းရင်းမြစ်များ  

လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​ဆင်း​ရဲ​တစ်​ယောက်​သည် တစ်​ကိုယ်​လုံး၌ အ​နာ​စိမ်း​ပေါက်၍၊-


ယေ​ရိ​ခေါ​မြို့​အ​နီး၌ ရှိ​တော်​မူ​စဉ်​တွင်၊ လူ​ကန်း​တစ်​ယောက်​သည် လမ်း​နား​မှာ​ထိုင်၍ တောင်း​စား​လေ၏။-


သူ​သည် သူ​တောင်း​စား​ဖြစ်​သည်​ကို အိမ်​နီး​ချင်း​မှ​စ၍ မြင်​ဖူး​သော​သူ​တို့​က၊ ဤ​သူ​သည် ထိုင်၍ တောင်း​သော​သူ မ​ဟုတ်​လော​ဟု ဆို​ကြ၏။-


ကော်​နေ​လိ၊ သင်​ပြု​သော​ပ​တ္ထ​နာ​ကို ဘု​ရား​သ​ခင်​သည် ကြား၍၊ သင်​စွန့်​ကြဲ​ခြင်း​ကို​လည်း မှတ်​တော်​မူ​ပြီ။-


ကောင်း​ကင်​တ​မန်​ကို စေ့​စေ့​ကြည့်​လျှင် ထိတ်​လန့်​ခြင်း​ရှိ​သည် ဖြစ်၍၊ သ​ခင်၊ အ​ဘယ်​အ​ခင်း​ရှိ​ပါ​သ​နည်း​ဟု မေး​သော်၊ ကောင်း​ကင်​တ​မန်​က၊ သင်​ပြု​သော​ဆု​တောင်း​ပ​တ္ထ​နာ​နှင့် စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အောက်​မေ့​စ​ရာ​ဖို့ တက်​ကြ​ပြီ။-


အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သ​ဖြင့်၊ တစ်​ခါ​မျှ မ​သွား​ဖူး​သော လူ​တစ်​ယောက်​သည် လု​တ္တ​ရ​မြို့၌ ထိုင်​လျက်၊-


ထို​သူ​သည် ဗိ​မာန်​တော်၏​တင့်​တယ်​တံ​ခါး​နား​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ၍ ထိုင်​နေ​သော​သူ​ဖြစ်​သည်​ကို သိ​ကြ​သော​ကြောင့်၊ သူ၌​ဖြစ်​သည် အ​မှု​ကို အံ့​ဩ​မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊


အ​ကြောင်း​မူ​ကား၊ အ​နာ​ကင်း​ခြင်း နိ​မိတ်​လ​က္ခ​ဏာ​ကို ခံ​ရ​သော​သူ​သည် အ​သက်​လေး​ဆယ်​ကျော်​ရှိ​သည်​ဖြစ်၍ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​ထောက်​လျက် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ