Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 27:44 - Judson Bible in Zawgyi Version

44 ကြွင်း​သော​သူ​တို့​သည် ပျဉ်​ပြား​မှ​စ၍ သင်္ဘော​တန်​ဆာ​များ​ကို စီး​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​လေ၏။ ထို​သို့ လူ​အ​ပေါင်း​တို့​သည် ဘေး​နှင့် လွတ်၍ ကုန်း​ပေါ်​သို့ ရောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

44 ကျန်​သော​သူ​တို့​သည် ပျဉ်ပြား​ကို​ဖြစ်စေ၊ သင်္ဘော​ထဲမှ​အရာ​တစ်စုံတစ်ခု​ကို​ဖြစ်စေ တွယ်စီး​၍ ကူး​သွား​ကြ​ရန် အမိန့်​ပေး​လေ​၏။ ဤသို့ဖြင့် အားလုံး​သည် ဘေးကင်း​စွာ​ဖြင့် ကုန်း​ပေါ်သို့​ရောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

44 ထို့​နောက်​ကျန်​သော​သူ​တို့​အား​ပျဉ်​ပြား​များ ကို​သော်​လည်း​ကောင်း၊ သင်္ဘော​ပျက်​မှ​သင်္ဘော​အ​ပိုင်း အ​စ​များ​ကို​သော်​လည်း​ကောင်း​စီး​၍​ကူး​ကြ ရန်​အ​မိန့်​ပေး​၏။ ဤ​နည်း​အား​ဖြင့်​ကျွန်ုပ်​တို့ အား​လုံး​ပင်​ဘေး​လွတ်​၍​ကုန်း​ပေါ်​သို့​ရောက် ကြ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 27:44
8 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ငါ​အ​မိန့်​တော်​ရှိ​သ​ဖြင့် ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ခပ်​သိမ်း​သော​အ​မျိုး​တို့​တွင် ဆန်​ခါ​နှင့် ငါ​ချ​မည်။ ဆန်​တစ်​စေ့​မျှ မြေ​သို့​မ​ကျ​ရ။


ယ​ခု​တွင် စိတ်​သက်​သာ​ခြင်း​ရှိ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်္ဘော​ဆုံး​ခြင်း​မှ​တစ်​ပါး သင်​တို့​တွင် အ​ဘယ်​သူ​မျှ အ​သက်​မ​ဆုံး​ရ၊-


ပေါ​လု၊ သင်​သည် မ​စိုး​ရိမ်​နှင့်။ ကဲ​သာ​ဘု​ရင်​ရှေ့​သို့ ရောက်​ရ​မည်။ သင်​နှင့်​အ​တူ ပင်​လယ်​ကူး​သော သူ​အ​ပေါင်း​တို့​ကို ဘု​ရား​သ​ခင်​သည် သင့်​အား​ပေး​တော်​မူ​ပြီ​ဟု ဆို၏။-


ပေါ​လု​က၊ ဤ​သူ​တို့​သည် သင်္ဘော​ပေါ်၌ မ​နေ​လျှင် သင်​တို့​သည် ချမ်း​သာ​မ​ရ​နိုင်​ကြ​ဟု တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​တို့​အား ဆို၏။-


ဖြောင့်​မတ်​သော​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​နိုင်​ခဲ​သည်​မှန်​လျှင်၊ ဘု​ရား​သ​ခင်​ကို မ​ကိုး​ကွယ်​သော​သူ၊ အ​ပြစ်​ထင်​ရှား​သော​သူ​သည် အ​ဘယ်​မှာ ပေါ်​လိမ့်​မည်​နည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ