Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 24:2 - Judson Bible in Zawgyi Version

2 ပေါ​လု​ကို​ခေါ်​ပြီး​မှ၊ တေ​ရ​တု​လု​သည် အ​ပြစ်​တင်​သော စ​ကား​ကို​လျှောက်​ဆို​သည်​မှာ၊ မြတ်​တော်​မူ​သော​ဖေ​လဇ်​မင်း၊ အ​ကျွန်ုပ်​တို့​သည် ဘုန်း​တော်​ကို ခို​လှုံ၍ အ​လွန်​ငြိမ်​သက်​စွာ နေ​ရ​သ​ဖြင့်၊ ကိုယ်​တော် ကြည့်​ရှု​ပြု​စု​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို ဤ​လူ​မျိုး​သည် ခံ​ရ​ပါ​သည်​ဖြစ်၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ပေါလု​ကို​ခေါ်ထုတ်​လာ​သောအခါ တေရတုလု​သည် သူ့​ကို စတင်​စွပ်စွဲ​၍ လျှောက်ထား​သည်​မှာ “မြတ်​သော​ဖေလဇ်​မင်း၊ အရှင့်​အားဖြင့် အကျွန်ုပ်​တို့​သည် များစွာ​သော​ငြိမ်းချမ်း​မှု​ကို​ခံစား​ရ​လျက် အရှင်​၏​အမြော်အမြင်​ကြောင့် ဤ​တိုင်းပြည်​တွင် ပြုပြင်​ပြောင်းလဲ​မှု​များ​ဖြစ်ပေါ်​နေ​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 ဘု​ရင်​ခံ​မင်း​သည်​ပေါ​လု​ကို​ရှေ့​တော်​သို့​ခေါ် ယူ​ပြီး​သော​အ​ခါ ရှေ့​နေ​တေ​ရ​တု​လု​က ``အ​ရှင် ဖေ​လဇ်​မင်း၊ အ​ရှင်​၏​အ​မြော်​အ​မြင်​ကြီး​မှု ကြောင့် အ​ကျွန်ုပ်​တို့​သည်​အ​လွန်​အေး​ချမ်း​သာ ယာ​စွာ​နေ​ထိုင်​နိုင်​ကြ​ပါ​၏။ အ​ရှင်​သည် အ​ကျွန်ုပ်​တို့​၏​တိုင်း​ပြည်​အ​ကျိုး​အ​တွက် လို​အပ်​သော​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​မှု များ​ကို​ပြု​လုပ်​ပေး​လျက်​ရှိ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 24:2
8 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​သော​သူ​သည် မိ​မိ​စိတ်​အ​လို၌ ဝါ​ကြွား​တတ်​ပါ၏။ လော​ဘ​ကြီး​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပယ်၍ မ​ထီ​မဲ့​မြင်​ပြု​တတ်​ပါ၏။


မု​သား​ပြော​တတ်​သော​သူ​သည် မိ​မိ​ညှဉ်း​ဆဲ​သော​သူ​တို့​ကို မုန်း​တတ်၏။ ချော့​မော့​တတ်​သော​သူ​သည်​လည်း ဖျက်​ဆီး​တတ်၏။


အိမ်​နီး​ချင်း​ကို ချော့​မော့​သော​သူ​သည် အိမ်​နီး​ချင်း​သွား​ရာ​လမ်း၌ ကွန်​ရွက်​ကို ဖြန့်​ထား၏။


ထို​နောက် ငါး​ရက်​လွန်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​မင်း အာ​န​နိ​သည် တေ​ရ​တု​လု​အ​မည်​ရှိ​သော ရှေ့​နေ​မှ​စ၍၊ လူ​အ​ကြီး​အ​ကဲ​တို့​နှင့်​တ​ကွ ကဲ​သ​ရိ​မြို့​သို့ သွား​ကြ​သ​ဖြင့်၊ ပေါ​လု၏​အ​ကြောင်း​ကို မြို့​ဝန်​မင်း​ထံ၌ လျှောက်​ထား​ကြ၏။-


အ​ရပ်​ရပ်​တို့၌ အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ်​ကျေး​ဇူး​တော်​ကို အ​လွန်​သိ​တတ်​သော စိတ်​နှင့်​ခံ​ရ​ပါ၏။-


ထို​သူ​တို့​သည် မြည်​တမ်း၍ အ​ပြစ်​တင်​တတ်​သော​သူ၊ ကိုယ်​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​တတ်​သော​သူ၊ ထောင်​လွှား​သော စ​ကား​ကို ပြော​တတ်​သော​သူ၊ ကိုယ်​အ​ကျိုး​စီး​ပွား​ကြောင့် သူ့​မျက်​နှာ​ကို ထောက်​ထား ခန့်​ညား​တတ်​သော​သူ ဖြစ်​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ