တမန်တော် 23:7 - Judson Bible in Zawgyi Version7 ထိုအခါ ဖာရိရှဲတို့နှင့် ဇဒ္ဒုကဲတို့သည် အချင်းချင်းငြင်းခုံ၍ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက်လေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်7 ဤကဲ့သို့ ပေါလုပြောဆိုလိုက်သောအခါ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့အကြားတွင် သဘောထားကွဲလွဲမှုဖြစ်ပေါ်၍ အစုအဝေးသည် အုပ်စုကွဲသွားလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ထိုအခါဖာရိရှဲများနှင့်ဇဒ္ဒုကဲတို့သည် အငြင်းပွားကြသဖြင့် တရားလွှတ်တော် အဖွဲ့သည်နှစ်ခြမ်းကွဲလေ၏။- အခန်းကိုကြည့်ပါ။ |
ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မျှော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏ဟု လွှတ်တော်ပေါ်မှာ ကြွေးကြော်လေ၏။-