Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 22:8 - Judson Bible in Zawgyi Version

8 သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု အ​ကျွန်ုပ်​ပြန်၍ မေး​လျှောက်​သော်၊ ငါ​ကား၊ သင်​ညှဉ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ် သ​တည်း​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 အကျွန်ုပ်​က ‘သခင်၊ ကိုယ်တော်​သည် မည်သူ​ဖြစ်​ပါ​သနည်း’​ဟု မေး​လျှင်‘ငါ​သည် သင်​ညှဉ်းဆဲ​သော နာဇရက်​မြို့သား​ယေရှု​ဖြစ်​၏’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​ခဲ့​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 အ​ကျွန်ုပ်​က `အ​ရှင်၊ ကိုယ်​တော်​သည်​မည်​သူ​ဖြစ် ပါ​သ​နည်း' ဟု​မေး​လျှောက်​လျှင်​ကိုယ်​တော်​က `ငါ​သည်​သင်​နှိပ်​စက်​ညှဉ်း​ဆဲ​သော​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​ပင်​ဖြစ်​၏' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 22:8
16 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ကို ဖျက်​ဆီး​သော​လူ​မျိုး​တို့​ရှိ​ရာ​သို့ ဘုန်း​ထင်​ရှား​ပြီး​မှ ငါ့​ကို စေ​လွှတ်​တော်​မူ၏။ သင်​တို့​ကို​ထိ​သော​သူ​သည် မျက်​ဆန်​တော်​ကို ထိ​သော​သူ​ဖြစ်၏။


ခ​ရစ်​တော်​ကို နာ​ဇ​ရက်​လူ​ဟု ခေါ်​ဝေါ်​ကြ​လ​တ္တံ့​ဟူ​သော ပ​ရော​ဖက်​တို့၏ နှုတ်​ထွက်​နှင့်​အ​ညီ၊ နာ​ဇ​ရက်​အ​မည်​ရှိ​သော​မြို့​သို့ ရောက်၍ အ​မြဲ​နေ​လေ၏။-


မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-


မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တို့​တွင် အ​ငယ်​ဆုံး​သော​သူ တစ်​ယောက်​အား မ​ပြု​သ​မျှ​တို့​ကို ငါ့​အား​မ​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-


ပေ​တ​ရု​က​လည်း၊ မ​ဖြစ်​နိုင်​ပါ​သ​ခင်။ ညစ်​ညူး​သော​အ​ရာ​နှင့် မ​စင်​ကြယ်​သော​အ​ရာ​ကို အ​ကျွန်ုပ်​သည် တစ်​ရံ​တစ်​ခါ​မျှ မ​စား​ဖူး​ပါ​ဟု ပြော​ဆို၏။-


အ​ကျွန်ုပ်​သည် မြေ​ပေါ်​မှာ​လဲ၍ နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့်​ငါ့​ကို ညှဉ်း​ဆဲ​သ​နည်း​ဟု အ​ကျွန်ုပ်​အား ပြော​သော​စ​ကား​သံ​ကို​ကြား​လျှင်၊-


နာ​ဇ​ရက်​မြို့​သား ယေ​ရှု၏ နာ​မ​တော်​နှင့် ဆန့်​ကျင်​သော အ​မှု​များ​ကို ပြု​ကောင်း၏​ဟု အ​ကျွန်ုပ်​သည် စိတ်​ထင်​လျက်၊-


ပေ​တ​ရု​က​လည်း၊ ငါ၌​ရွှေ​ငွေ​မ​ရှိ။ ရှိ​သည်​အ​ရာ​ကို သင့်​အား​ငါ​ပေး​မည်။ နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ထ​၍​လှမ်း​သွား​လော့​ဟု​ဆို​လျက်၊-


သင်​တို့​သည် လက်​ဝါး​ကပ်​တိုင်​မှာ​ကွပ်​မျက်၍၊ ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​အား​ဖြင့် ဤ​သူ​သည် သင်​တို့​မျက်​မှောက်၌ ကျန်း​မာ​လျက်​ရှိ​သည်​ကို သင်​တို့​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့ သိ​မှတ်​ကြ​လော့။-


ထို​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ဤ​အ​ရပ်​ဌာ​န​တော်​ကို ဖျက်​ဆီး၍၊ ငါ​တို့​အား မော​ရှေ​အပ်​ပေး​သော ထုံး​နည်း​ဥ​ပ​ဒေ​ကို ပြောင်း​လဲ​စေ​မည်​ဟု ဤ​သူ​ဆို​သည်​ကို အ​ကျွန်ုပ်​တို့​သည် ကြား​ရ​ပါ​ပြီ​ဟု သက်​သေ​ခံ​ကြ၏။-


ဥ​ပ​မာ​ကား၊ ကိုယ်​တစ်​ခု​တည်း၌ အင်္ဂါ​အ​များ​ရှိ​သည်​ဖြစ်၍ ထို​တစ်​ခု​တည်း​သော ကိုယ်​အင်္ဂါ​အ​ပေါင်း​တို့​သည် များ​လျက်​နှင့် ကိုယ်​တစ်​ခု​တည်း​ဖြစ်​သ​ကဲ့​သို့၊ ထို​နည်း​တူ ခ​ရစ်​တော်​ဖြစ်၏။-


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​အား လူ​များ​တို့​ပြော​ဆို​သ​မျှ​သော စ​ကား​ကို နား​ထောင်​လော့။ သူ​တို့​သည် သင့်​ကို​သာ​မ​ပယ်၊ ငါ​သည် သူ​တို့​ကို​မ​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ့​ကို​လည်း​ပယ်​ကြ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ