Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 22:21 - Judson Bible in Zawgyi Version

21 လျှောက်​ဆို​လျှင်၊ သ​ခင်​ဘု​ရား​က၊ သွား​လော့။ ငါ​သည်​တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သင့်​ကို​ဝေး​လှ​စွာ စေ​လွှတ်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​သည်​ဟု ပေါ​လု မြွက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 ထိုအခါ ကိုယ်တော်​က‘သွား​လော့။ ငါ​သည် သင့်​ကို လူမျိုးခြား​တို့​ရှိ​ရာ ဝေး​သော​အရပ်​သို့ စေလွှတ်​မည်’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​သည်”​ဟု ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 သ​ခင်​ဘု​ရား​က `သွား​လော့။ ရပ်​ဝေး​ရှိ​လူ​မျိုး ခြား​တို့​ထံ​သို့​သင့်​အား​ငါ​စေ​လွှတ်​မည်' မိန့် တော်​မူ​၏'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 22:21
15 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် သ​ခင်​ဘု​ရား​ဝတ်​ကို​ပြု၍ အ​စာ​ကို​ရှောင်​ကြ​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က၊ ငါ​ခန့်​ထား​သော​အ​မှု​ကို ဆောင်​ရွက် စေ​ခြင်း​ငှာ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ရွေး​ချယ်​ခွဲ​ထား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊-


ယု​ဒ​လူ​တို့​သည် ငြင်း​ခုံ​ဆဲ​ရေး​ခြင်း​ကို ပြု​သည်​ရှိ​သော်၊ ပေါ​လု​သည် မိ​မိ​အ​ဝတ်​ကို​ခါ​လိုက်​လျက်၊ သင်​တို့၏ အ​သွေး​သည် သင်​တို့၏ ခေါင်း​ပေါ်၌​တည်​စေ။ ငါ​မူ​ကား ကင်း​လွတ်၏။ ယ​ခု​မှ​စ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​ဟု ဆို​ပြီး​လျှင်၊-


သ​ခင်​ဘု​ရား​က​လည်း၊ ထို​သူ​ကား တစ်​ပါး​အ​မျိုး​သား​တို့​နှင့် ရှင်​ဘု​ရင်​တို့​ထံ​သို့​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​လည်း​ကောင်း၊ ငါ၏​နာ​မ​ကို ပို့​ဆောင်​စေ​ခြင်း​ငှာ ငါ​ရွေး​ကောက်​သော တန်​ဆာ​ဖြစ်၏။-


ဘု​ရား​သ​ခင်​ချစ်​တော်​မူ၍၊ သန့်ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော ရော​မ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-


ထို​သို့​ဆို​သော်၊ ငါ​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည်​နှင့် အ​ညီ၊ ထို​တ​မန်​တော်၏​အ​ရာ​ကို ချီး​မွမ်း​လျက်၊ ငါ့​အ​မျိုး​သား​ချင်း​တို့၏​စိတ်​ကို တစ်​ခု​ခု​အား​ဖြင့် နှိုး​ဆော်၍၊ အ​ချို့​တို့​ကို ကယ်​တင်​ခြင်း​ငှာ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော သင်​တို့​အား​ဆို​ရ​သ​တည်း။-


လူ​မျိုး​အ​ပေါင်း​တို့​သည် ယုံ​ကြည်​နား​ထောင်​ကြ​မည်​အ​ကြောင်း ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​အ​တိုင်း ထို​သူ​တို့​အား ဖော်​ပြ​ရ​သော နက်​နဲ​ရာ​ကို​ဖွင့်​ထား​ခြင်း ကျေး​ဇူး​တော်​နှင့်​လျော်​စွာ၊ ငါ​ဟော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ဟော​ပြော​ခြင်း​အား​ဖြင့်၊ သင်​တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော​အ​ရှင်၊-


ကျေး​ဇူး​တော်​သာ​သ​နာ​ကို အပ်​ပေး​သည် အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​သည်​အ​ထက်​က အ​နည်း​ငယ် ရေး​ထား​ခဲ့​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့် နက်​နဲ​သော​အ​ရာ​ကို ငါ့​အား​ပြ​တော်​မူ၏။-


ငါ​သည် ထို​သက်​သေ​ခံ​သော​သူ အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော် အ​ရာ၌​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် သ​မ္မာ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​သော​ဆ​ရာ အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ ဖြစ်​သည်​ဟု ငါ​ဆို​သော်၊ မု​သား​စ​ကား​ကို​မ​ဆို၊ မှန်​သော​စ​ကား​ကို​ဆို၏။


ထို​တ​ရား​ကို ဟော​ပြော​သော​သူ​အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း ငါ့​ကို​ခန့်​ထား​တော်​မူ​ပြီ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ