တမန်တော် 17:23 - Judson Bible in Zawgyi Version23 လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှုသည်တွင်၊ ငါတို့မသိသော ဘုရားသခင်အဖို့ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင်တစ်ခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏အကြောင်းကို ငါဟောပြော၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်23 သင်တို့ကိုးကွယ်သောအရာများကို လှည့်လည်၍ကြည့်ရှုစဉ် ‘မသိသောဘုရားအတွက်’ဟု ကမ္ပည်းထိုးထားသည့် ယဇ်ပလ္လင်တစ်ခုကို ငါတွေ့ရ၏။ ထို့ကြောင့် သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသော ထိုဘုရားအကြောင်းကို သင်တို့အား ငါဟောပြောပါမည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version23 ငါသည်သင်တို့မြို့ကိုလှည့်လည်၍ ဘုရား ဝတ်ပြုရာဌာနများကိုကြည့်ရှုခဲ့စဉ် `ငါ တို့မသိသောဘုရားအတွက်' ဟူ၍ကမ္ပည်း လိပ်စာရေးထိုးထားသည့်ယဇ်ပလ္လင်တစ်ခု ကိုတွေ့ရှိခဲ့ပါ၏။ ဤသို့သင်တို့မသိဘဲ ဝတ်ပြုကိုးကွယ်နေသောဘုရား၏အကြောင်း ကိုသင်တို့အားယခုငါဟောပြောပါ၏။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်သည် ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဉာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌လည်းကောင်း၊ သားတော်ယေရှုခရစ်၌လည်းကောင်း ငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။