တမန်တော် 15:1 - Judson Bible in Zawgyi Version1 ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကို မခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 လူအချို့တို့သည် ယုဒပြည်မှ ဆင်းလာ၍ “သင်တို့သည် မောရှေ၏ဓလေ့ထုံးစံအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်ခြင်းမခံရနိုင်”ဟု ညီအစ်ကိုတို့အား သွန်သင်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 လူအချို့တို့သည်ယုဒပြည်မှအန္တိအုတ်မြို့ သို့သွားရောက်၍ ညီအစ်ကိုတို့အား ``သင်တို့ သည်မောရှေ၏ပညတ်တရားအရ အရေ ဖျားလှီးမင်္ဂလာကိုမခံယူလျှင်ကယ်တင် ခြင်းမရနိုင်'' ဟုဟောပြောသွန်သင်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါတမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက်၍ ညီအစ်ကိုတို့တွင် ထင်ရှားသောသူတည်းဟူသော ဗာရှဗအမည်သစ်ကိုရသော ယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည် အကြောင်း သဘောညီညွတ်ကြ၏။-