Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 12:6 - Judson Bible in Zawgyi Version

6 ပေ​တ​ရု​သည် ဟေ​ရုဒ်​မင်း​ထုတ်​ခါ​နီး၊ ည​အ​ချိန်​တွင် သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လျက်၊ စစ်​သူ​ရဲ​နှစ်​ယောက်​တို့​အ​လယ်၌ အိပ်​ပျော်၍၊ အ​စောင့်​များ​တို့​သည် ထောင်​တံ​ခါး​ရှေ့​မှာ စောင့်​နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ဟေရုဒ်​မင်း​သည် ပေတရု​ကို​ထုတ်ဆောင်​ရန် ကြံရွယ်​ထား​သည့်​နေ့​မတိုင်မီ​ည​၌ ပေတရု​သည် သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ခြင်း​ခံရ​လျက် စစ်သား​နှစ်​ဦး​ကြား​တွင် အိပ်ပျော်​နေ​၏။ အစောင့်​များ​သည်​လည်း တံခါး​ရှေ့တွင် ထောင်​ကို​စောင့်ကြပ်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ဟေ​ရုဒ်​မင်း​သည်​ပေ​တ​ရု​ကို​လူ​တို့​ရှေ့​သို့ ခေါ်​ထုတ်​စစ်​ဆေး​မည့်​နေ့​မ​ရောက်​မီ​ည​၌ ပေ​တ​ရု​သည်​စစ်​သား​နှစ်​ယောက်​၏​ကြား​တွင် အိပ်​ပျော်​လျက်​နေ​၏။ သူ့​ကို​သံ​ကြိုး​နှစ်​ချောင်း ဖြင့်​ချည်​နှောင်​ထား​၏။ ထောင်​တံ​ခါး​ရှေ့​တွင်​လည်း အ​စောင့်​တပ်​သား​များ​သည်​စောင့်​ကြပ်​လျက် ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 12:6
17 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရပ်​ကို ယေ​ဟော​ဝါ​ယိ​ရေ​ဟု အာ​ဗြ​ဟံ​သ​မုတ်​လေ၏။ ထို​သို့​နှင့်​အ​ညီ၊ တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ပြင်​ဆင်​တော်​မူ​မည်​ဟု ယ​နေ့​တိုင်​အောင်​ဆို​လေ့​ရှိ​သ​တည်း။


ငြိမ်​ဝပ်​စွာ​အိပ်၍ ပျော်​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​သည် လုံ​ခြုံ​စွာ​နေ​ရ​သော​အ​ခွင့်​ကို ကိုယ်​တော်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သာ​လျှင် အ​ခွင့်​ပေး​တော်​မူ၏။


ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရ​မိ​ကို တစ်​ဖန်​သိမ်း​သွား၍ ရာ​မ​မြို့၌ လွှတ်​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှုတ်​က​ပတ်​တော်​သည် ရောက်​လာ​သည် အ​ရာ​မှာ၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​နှင့်​အ​တူ၊ ယေ​ရ​မိ​သည်​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊


ယ​ခု​မှာ သင့်​လက်၌ ချည်​နှောင်​လျက်​ရှိ​သော သံ​ကြိုး​ကို ငါ​ချွတ်​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့ လိုက်​လာ​ခြင်း​ငှာ အ​လို​ရှိ​လျှင် လိုက်​လာ​ပါ။ ငါ​သည် ကောင်း​မွန်​စွာ​ကြည့်​ရှု​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​ခြင်း​ငှာ အ​လို​မ​ရှိ​လျှင် မ​လိုက်​နှင့်။ တစ်​ပြည်​လုံး​သည် သင့်​ရှေ့​မှာ​ရှိ၏။ အ​ကြင်​အ​ရပ်​သို့ သွား​ကောင်း​သည်​ဟု စိတ်​ထင်​လျှင်၊ ထို​အ​ရပ်​တည်း​ဟူ​သော စိတ်​ရောက်​ရာ​အ​ရပ်​သို့ သွား​ပါ​လော့​ဟု ဆို၏။


လူ​စောင့်​တို့​သည် ကောင်း​ကင်​တ​မန်​ကို ကြောက်​ရွံ့​သ​ဖြင့် တုန်​လှုပ်၍ သေ​မ​တတ်​ဖြစ်​ကြ၏။-


ပေ​တ​ရု​သည် ထောင်​ထဲ၌ အ​ကျဉ်း​နေ​ရ​စဉ်၊ သင်း​ဝင်​သူ​တို့​သည် သူ့​အ​ဖို့​ကြိုး​စား၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ၏။


ထို​အ​ခါ စစ်​သူ​ကြီး​သည်​အ​နီး​သို့​ရောက်၍ ပေါ​လု​ကို​ကိုင်​ယူ​ပြီး​လျှင်၊ သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​ချေ​ဟု​စီ​ရင်၍၊ ဤ​သူ​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း​ဟု မေး​စစ်​လေ၏။-


ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​ရာ​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​သည် ဤ​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို ခံ​ရ​ပါ၏​ဟု ပြော​ဆို​လျှင်၊-


ထောင်​တံ​ခါး​လည်း အ​ထူး​သ​ဖြင့် လုံ​ခြုံ​စွာ​ပိတ်​လျက်၊ ထောင်​ကို​စောင့်​သော​သူ​တို့​လည်း တံ​ခါး​ပြင်​မှာ ရပ်​လျက်​ရှိ​ကြ​သည်​ကို အ​ကျွန်ုပ်​တို့​သည်​တွေ့​ပါ၏။ ဖွင့်​ပြီး​မှ အ​ထဲ၌ အ​ဘယ်​သူ​ကို​မျှ​မ​တွေ့​ပါ​ဟု ကြား​လျှောက်​ကြ၏။-


ရန်​သူ၏​မာန်​မာ​န​ကို ငါ​မ​ကြောက်​လျှင်​လည်း​ကောင်း၊


ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် ဩ​နေ​သိ​ဖော်၏​အိမ်၌ သက်​ရောက်​ပါ​စေ​သော။ သူ​သည်​ငါ့​ကို အ​ဖန်​ဖန်​သက်​သာ​စေ​ပြီ။ ငါ၌​သံ​ကြိုး​ချည်​နှောင်​လျက် ရှိ​သော်​လည်း၊ သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ၊-


ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မ​စ​တော်​မူ​သည်​ဖြစ်၍၊ လူ​သည် ငါ၌​ပြု​နိုင်​သ​မျှ​ကို ငါ​မ​ကြောက်​ဟု၊ ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့် ပြော​ဆို​ရ​သော​အ​ခွင့် ရှိ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ