တမန်တော် 11:14 - Judson Bible in Zawgyi Version14 ထိုပေတရုသည် သင်မှစ၍ သင်၏အိမ်၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်းတရားစကားကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြားလေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 သူသည် သင်နှင့် သင်၏မိသားစုအားလုံး ကယ်တင်ခြင်းရရှိစေမည့်တရားစကားကို သင့်အား ဟောပြောလိမ့်မည်’ဟု မြွက်ဆိုသည်ကို သူမြင်ရကြောင်း ငါတို့အား ပြောပြခဲ့၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version14 ထိုသူသည်သင်နှင့်အိမ်သူအိမ်သားများအား ကယ်တင်ခြင်းရရာရကြောင်းတရားစကား များကိုဟောပြောလိမ့်မည်' ဟူ၍မြွက်ဆို ကြောင်းကိုငါတို့အားပြောကြ၏။- အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ သူသည် မိမိနောက်၌ဖြစ်သောသားများ၊ အိမ်သူများတို့အား ပညတ်မည်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏တရားလမ်းသို့လိုက်၍၊ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့်မည်။ သို့ဖြစ်၍ ကတိတော်ရှိသည်အတိုင်း၊ ထာဝရဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူအပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်းတည်းဟူသော တပ်မှူးကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန်အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။-