တမန်တော် 10:9 - Judson Bible in Zawgyi Version9 နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍ ယုပ္ပေမြို့အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်းငှာ အိမ်မိုးပေါ်သို့ တက်လေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 နောက်တစ်နေ့တွင် ထိုသူတို့သည် ခရီးပြုလျက် ယုပ္ပေမြို့အနီးသို့ရောက်လာကြစဉ် မွန်းတည့်ချိန်ဝန်းကျင်၌ ပေတရုသည် ဆုတောင်းရန် လေသာဆောင်ပေါ်သို့ တက်သွားလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version9 ထိုသူတို့သည်ခရီးပြုကြရာနောက်တစ်နေ့ ၌ယုပ္ပေမြို့အနီးသို့ရောက်ကြ၏။ မွန်းတည့် ချိန်ခန့်တွင်ပေတရုသည် ဆုတောင်းရန်အိမ် အမိုးပေါ်သို့တက်လေသည်။- အခန်းကိုကြည့်ပါ။ |
အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာရှိသမျှတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတစ်ပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာ ပူဇော်သကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့အိမ်များ၊ ယုဒရှင်ဘုရင်၏ နန်းတော်များတို့သည် တောဘက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
ဤမြို့ကိုတိုက်သော ခါလဒဲလူတို့သည် ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှာ ဗာလဘုရားအဖို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို့၍၊ အခြားတစ်ပါးသော ဘုရားတို့အဖို့ သွန်းလောင်းရာ ပူဇော်သကာကိုပြုရာ အိမ်များနှင့်တကွ၊ တစ်မြို့လုံးကို မီးလောင်စေကြလိမ့်မည်။
အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြူတင်းပေါက် ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တစ်နေ့သုံးကြိမ် ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။