Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 10:10 - Judson Bible in Zawgyi Version

10 ဆာ​မွတ်၍ အ​စာ​အာ​ဟာ​ရ​ကို အ​လို​ရှိ​လျှင် သူ​တစ်​ပါး​တို့​သည် အ​စာ​အာ​ဟာ​ရ​ကို ပြင်​ဆင်​ကြ​စဉ်​အ​ခါ ပေ​တ​ရု​သည် ဘ​ဝင်​ဖြစ်​၍​နေ​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ထို​အချိန်​တွင် သူ​သည် ဆာလောင်​လျက် အစာ​စား​လို​စိတ်​ဖြစ်ပေါ်​လေ​၏။ သို့သော် အစားအစာ​များ​ကို လူ​တို့​ပြင်ဆင်​နေ​ကြ​စဉ် ပေတရု​သည် အာရုံ​မှုန်ဝါး​တွေဝေ​၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

10 သူ​သည်​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့်​အ​စား အ​စာ​ကို​တောင့်​တ​၏။ သူ​၏​အ​တွက်​အ​စား အ​စာ​များ​ပြင်​ဆင်​နေ​ကြ​စဉ်​သူ​သည်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 10:10
13 ပူးပေါင်းရင်းမြစ်များ  

ဝိ​ညာဉ်​တော်​သည်​လည်း၊ ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ချီ၍ သိမ်း​သွား​သော သူ​တို့​နေ​ရာ၊ ခါ​လ​ဒဲ​ပြည်​သို့ ဆောင်​သွား​တော်​မူ၏။ ငါ​မြင်​ခဲ့​ပြီး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​လည်း ငါ​နှင့်​ကွာ၍ တက်​သွား၏။


ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို ဣ​သ​ရေ​လ​ပြည်​သို့​ဆောင်​သွား၍၊ အ​လွန်​မြင့်​သော တောင်​ပေါ်​မှာ တင်​ထား​တော်​မူ၏။ ထို​တောင်​အ​နား​မှာ တောင်​ဘက်၌ မြို့​ပုံ​သ​ဏ္ဌာန်​ရှိ၏။


ဘ​ဝင်​ဖြစ်၍​မျက်​စိ​ပွင့်​လျက်၊ အ​န​န္တ​တန်​ခိုး​ရှင်၏ ရူ​ပါ​ရုံ​ကို​မြင်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​ပေး​တော်​မူ​သော ဉာဏ်​ကို​ရ၍၊ ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ကြား​သော​သူ၏​စ​ကား​ဟူ​မူ​ကား၊


ဘ​ဝင်​ဖြစ်၍ မျက်​စိ​ပွင့်​လျက် အ​န​န္တ​တန်​ခိုး​ရှင်၏ ရူ​ပါ​ရုံ​ကို​မြင်၍၊ ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ကြား​သော​သူ၏​စ​ကား​ဟူ​မူ​ကား၊


နံ​နက်​အ​ချိန်၌ မြို့​သို့ ပြန်​စဉ်​တွင် ဆာ​မွတ်​တော်​မူ၏။-


ယေ​ရှု​သည် အ​ရက်​လေး​ဆယ်​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ကို မ​သုံး​ဆောင်​ဘဲ​နေ​ပြီး​မှ မွတ်​သိပ်​ခြင်း​သို့ ရောက်​တော်​မူ၏။-


ငါ​သည်​ယု​ပ္ပေ​မြို့၌ ဆု​တောင်း​စဉ် ဘ​ဝင်​ဖြစ်၍၊ ကောင်း​ကင်​မှ လေး​ထောင့်​ဖြင့် ချ​လွှတ်​သော​ခြုံ​ထည်​ကဲ့​သို့​သော တန်​ဆာ​သည် ဆင်း​သက်၍၊ ငါ့​ထံ​သို့ ရောက်​လာ​သည်​ကို ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် မြင်၏။-


ထို​နောက်​မှ အ​ကျွန်ုပ်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်၍၊ ဗိ​မာန်​တော်၌ ဆု​တောင်း​စဉ် ဘ​ဝင်​ကျ​၍


သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ