Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော် 1:17 - Judson Bible in Zawgyi Version

17 ထို​သူ​သည် ငါ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​ရာ​ကို ခံ​ရ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 အကြောင်းမူကား ယုဒ​သည် ငါ​တို့​ထဲ၌​ထည့်သွင်း​ရေတွက်​ခြင်း​ခံရ​ပြီး ဤ​အမှု​တော်​လုပ်ငန်း​တွင် ပါဝင်​ခွင့်​ကို​ရရှိ​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

17 ယု​ဒ​သည်​အ​မှု​တော်​ဆောင်​တစ်​ဦး​အ​ဖြစ် ရွေး​ချယ်​ခြင်း​ခံ​ရ​သူ​ဖြစ်​၍ ငါ​တို့​လူ​စု​တွင် အ​ပါ​အ​ဝင်​ဖြစ်​ခဲ့​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော် 1:17
13 ပူးပေါင်းရင်းမြစ်များ  

ကာ​န​နိတ်​လူ​ရှိ​မုန်​နှင့် ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ် ပေ​တည်း။


ကိုယ်​တော်​ကို အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​တို့​ကို ခန့်​ထား​တော်​မူ၏။


ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် လူ​အ​ပေါင်း​တို့​ကို လမ်း​ပြ​လျက်​လာ၍၊ ယေ​ရှု​ကို​နမ်း​ခြင်း​ငှာ ချဉ်း​ကပ်​လေ၏။-


ယာ​ကုပ်၏​ညီ​ယု​ဒ​နှင့် ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​တည်း​ဟူ​သော တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ရွေး​ကောက်၍ တ​မန်​တော်​အ​မည်​ဖြင့် သ​မုတ်​တော်​မူ၏။


အ​ကျွန်ုပ်​သည် ဤ​လော​က၌ ဤ​သူ​တို့​နှင့်​တ​ကွ ရှိ​စဉ်​ကာ​လ၊ သူ​တို့​ကို​ကိုယ်​တော်၏​နာ​မ၌ တည်​စေ​ပါ​ပြီ။ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​ကို အ​ကျွန်ုပ်​စောင့်​မ​ပါ​ပြီ။ ထို​သူ​တို့​တွင် ပျက်​စီး​ခြင်း၏​သား​တစ်​ယောက်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ပျက်​စီး​ခြင်း​သို့​မ​ရောက်​ပါ။ ထို​သူ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​သည်​အ​ကြောင်း​ကား၊ ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။


လူ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော သ​ခင်​ဘု​ရား၊ ယု​ဒ​ရှ​ကာ​ရုတ်​သည် မိ​မိ​နေ​ရာ​အ​ရပ်​သို့ သွား​အံ့​သော​ငှာ ဓ​မ္မ​ဆ​ရာ၏​အ​ရာ၊ တ​မန်​တော်၏​အ​ရာ​မှ ရွေ့​လျော့​ဖောက်​ပြန်​သည်​ဖြစ်၍၊ ထို​အ​ရာ​ကို​ခံ​စေ​ခြင်း​ငှာ ဤ​သူ​နှစ်​ယောက်​တို့​တွင် ရွေး​ကောက်​တော်​မူ​သော​သူ​ကို ပြ​ညွှန်​တော်​မူ​ပါ​ဟု ဆု​တောင်း​ပြီး​မှ၊-


ဗာ​န​ဗ​နှင့် ရှော​လု​တို့​သည် လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​ပြီး​လျှင်၊ မာ​ကု​အ​မည်​သစ်​ကို​ရ​သော ယော​ဟန်​ကို​လည်း ခေါ်​ခဲ့၍ ယေ​ရု​ရှ​လင်​မြို့​မှ​ပြန်​ကြ၏။


သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊-


ပေါ​လု​သည် ထို​သူ​များ​ကို နှုတ်​ဆက်​ပြီး​လျှင်၊ မိ​မိ​သည် ဓ​မ္မ​ဆ​ရာ​အ​မှု​ကို ဆောင်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပြု​တော်​မူ​သ​မျှ​တို့​ကို သေ​ချာ​စွာ ထုတ်​ဖော်​ပြ​သ​လေ၏။


ထို​ကြောင့်​ငါ​တို့​သည် ထို​သို့​သော​တ​ရား၏​အ​မှု​ကို ဆောင်​ရွက်​သော​သူ​ဖြစ်၍၊ က​ရု​ဏာ​ကျေး​ဇူး​တော်​ကို ခံ​ရ​သည်​နှင့်​အ​ညီ၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​ကြ၏။-


ထို​သို့​ဖြစ်​သော် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့၏​ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို ဟော​ရ​သော အ​ခွင့်​အ​ရာ​ကို ငါ​တို့၌​အပ်​ပေး​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ