၂ တိမောသေ 3:6 - Judson Bible in Zawgyi Version6 ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာသို့လိုက်၍၊ အစဉ်သင်သော်လည်း၊ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဖမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 အကြောင်းမူကား သူတို့ထဲမှ အချို့တို့သည် အိမ်များသို့ မသိမသာဝင်ပြီးလျှင် တပ်မက်ခြင်းအမျိုးမျိုး၏သွေးဆောင်ရာသို့လိုက်ပါလျက် အပြစ်ကိုထပ်တလဲလဲပြုနေသော မိန်းမမိုက်များကို သိမ်းသွင်းကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 သူတို့အနက်အချို့တို့သည်အိမ်များသို့ဝင်၍ အသိအလိမ္မာနည်းသည့်အမျိုးသမီးတို့ကို မိမိတို့လက်တွင်းသို့ရောက်အောင်ပြုလုပ်တတ် ကြ၏။ ထိုအမျိုးသမီးများသည်မိမိတို့ပြု မိခဲ့သည့်အပြစ်များဖြင့်ဝန်လေး၍ အမျိုး မျိုးသောအာသာရမ္မက်များ၏ဆွဲဆောင်မှု ကိုခံလျက်၊- အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ အထက်က ငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ အချင်းချင်းမုန်းသောသူ ဖြစ်ကြ၏။-
အဘယ်ကြောင့်နည်း ဟူမူကား၊ ငါတို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကိလေသာ၏ ညစ်ညူးခြင်းအလိုငှာ မှောက်လှန်လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှာ ရှေးက စီရင်မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။-