Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 9:3 - Judson Bible in Zawgyi Version

3 ရှင်​ဘု​ရင်​က​လည်း၊ ဘု​ရား​သ​ခင့်​အ​လို​တော်​အ​တိုင်း ငါ​ကျေး​ဇူး​ပြု​စ​ရာ အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ရှော​လု​အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​လျှင် ဇိ​ဘ​က၊ ယော​န​သန်၌ ခြေ​ဆွံ့​သော​သား​တစ်​ယောက် ရှိ​ပါ​သေး၏​ဟု လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 ထိုအခါ ရှင်ဘုရင်​က “​ရှောလု​မင်းကြီး​၏​အမျိုးအနွယ် တစ်ဦးဦး​ရှိ​သေး​သလော​။ ဘုရားသခင်​ထံမှ မေတ္တာကရုဏာ​တော်​ကို သူ့​အား ငါ​ပြ​လို​၏​”​ဟု ဆို​လျှင် ဇိဘ​က “​ယောနသန်​၌ သား​တစ်​ဦး​ရှိ​ပါ​သေး​၏​။ သူ​သည် ခြေ​နှစ်ဖက်လုံး​မသန်စွမ်း​ပါ​”​ဟု ရှင်ဘုရင်​အား ပြန်လျှောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

3 မင်း​ကြီး​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​လို တော်​အ​တိုင်း ကျေး​ဇူး​သစ္စာ​စောင့်​သူ​ဖြစ်​ကြောင်း ပြ​သ​နိုင်​ရန် ရှော​လု​မိ​သား​စု​မှ​ကျန်​ကြွင်း​နေ သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု မေး​တော်​မူ​လျှင်၊ ဇိ​ဘ​က``ယော​န​သန်​၏​သား​တစ်​ယောက်​ကျန် ရှိ​နေ​ပါ​သေး​သည်။ သူ​သည်​ခြေ​ဆွံ့​၍​နေ​ပါ သည်'' ဟု​လျှောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 9:3
11 ပူးပေါင်းရင်းမြစ်များ  

အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန်​သည် ခြေ​ဆွံ့​သော​ကြောင့် မြည်း​စီး၍ ကိုယ်​တော်​ထံ​သို့​သွား​ခြင်း​ငှာ မြည်း​ကို ကုန်း​နှီး​တင်​မည်​ဟု ကြံ​စဉ်​အ​ခါ၊ ကျွန်​တော်​ကျွန်​သည် ကျွန်​တော်​ကို လှည့်​စား​ပါ၏။


အ​ရှင်​မင်း​ကြီး​ထံ​တော်၌ ကိုယ်​တော်​ကျွန်​ကို ကုန်း​တိုက်​ပါ​ပြီ။ သို့​ရာ​တွင် အ​ရှင်​မင်း​ကြီး​သည် ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​ကဲ့​သို့ ဖြစ်​တော်​မူ၏။ စိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ။


ရှော​လု၏​သား​ယော​န​သန်၌ ခြေ​ဆွံ့​သော သား​တစ်​ယောက်​ရှိ​ရစ်၏။ သူ​သည် အ​သက်​ငါး​နှစ်​ရှိ​သော​အ​ခါ၊ ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့် ယော​န​သန်​တို့၏​သ​တင်း​ကို​ကြား​လျှင်၊ အ​ထိန်း​သည် သူ့​ကို​ချီ၍​ပြေး​စဉ်​တွင်၊ အ​လျင်​အ​မြန်​ပြေး​သော​ကြောင့်၊ သူ​ငယ်​သည်​ကျ၍​ခြေ​ဆွံ့၏။ ထို​သူ​ငယ်၏​အ​မည်​ကား မေ​ဖိ​ဗော​ရှက်​တည်း။


ထို​သို့ မေ​ဖိ​ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ရှင်​ဘု​ရင်၏​စား​ပွဲ​တော်၌ နေ့​တိုင်း​အ​စဉ်​စား​ရ၏။ ခြေ​နှစ်​ဖက်​ဆွံ့​သော​သူ​ဖြစ်၏။


ဒါ​ဝိဒ်​က​လည်း မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ဘ ယော​န​သန်​အ​တွက် ငါ​သည်​သင်၌ ဆက်​ဆက်​ကျေး​ဇူး​ပြု​မည်။ သင့်​အ​ဖို့ ရှော​လု​ပိုင်​သ​မျှ​သော​မြေ​ကို ငါ​ပြန်​ပေး​မည်။ သင်​သည် နေ့​တိုင်း​အ​စဉ် ငါ့​စား​ပွဲ၌ စား​ရ​မည်​ဟု​ဆို​သော်၊


ထို​ဘု​ရား​သည် ကျေး​ဇူး​မ​သိ​သော​သူ၊ ဆိုး​ညစ်​သော​သ​ဘော ရှိ​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​ကြောင့် သင်​တို့​အ​ဘ​သည် သ​နား​ခြင်း​စိတ် ရှိ​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း သ​နား​ခြင်း​စိတ်​ရှိ​ကြ​လော့။


သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး​တို့​ကို​ချစ်​ခင်​မြတ်​နိုး၍၊ ယ​နေ့​ရှိ​သ​ကဲ့​သို့၊ သူ​တို့​အ​မျိုး​အ​နွယ်​တည်း​ဟူ​သော သင့်​ကို၊ အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​တွင် ရွေး​ကောက်​တော်​မူ၏။


သင်​တို့​ဘိုး​ဘေး​များ​ကို ချစ်​တော်​မူ​သော​ကြောင့်၊ သူ​တို့​အ​မျိုး​အ​နွယ်​ကို ရွေး​ကောက်​တော်​မူ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ