Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 9:11 - Judson Bible in Zawgyi Version

11 ဇိ​ဘ​က​လည်း၊ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်​ကျွန်​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ကိုယ်​တော်​ကျွန်​ပြု​ပါ​မည်​ဟု နား​တော်​လျှောက်၏။ ထို​နောက်၊ မေ​ဖိ​ဗော​ရှက်​သည် ရှင်​ဘု​ရင်၏​သား​ရင်း​ကဲ့​သို့ စား​ပွဲ​တော်၌ အ​စာ​စား​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ဇိဘ​က “​အရှင့်​အစေအပါး​အား အရှင်မင်းကြီး​မိန့်​တော်မူ​သမျှ​အတိုင်း အရှင့်​အစေအပါး​ပြု​ပါ​မည်​”​ဟု ရှင်ဘုရင်​အား ပြန်လျှောက်​၏​။ မေဖိဗောရှက်​သည် ဘုရင့်​သား​တော်​တစ်​ပါး​ကဲ့သို့ ဒါဝိဒ်​မင်းကြီး​၏​စားပွဲ​တွင် စားသောက်​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

11 ဇိ​ဘ​က``အ​ရှင်​မင်း​ကြီး​မိန့်​တော်​မူ​သ​မျှ အ​တိုင်း ကျွန်​တော်​မျိုး​နာ​ခံ​ပါ​မည်'' ဟု လျှောက်​၏။ သို့​ဖြစ်​၍​မေ​ဖိ​ဗော​ရှက်​သည်​ဘု​ရင်​၏​သား တော်​တစ်​ပါး​ကဲ့​သို့ စား​ပွဲ​တော်​၌​စား​သောက် ရ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 9:11
8 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်၏ ကျွန်​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​သ​မျှ​တို့​ကို ကိုယ်​တော်​ကျွန်​တို့​သည် ပြု​ပါ​မည်​ဟု​လျှောက်​ကြ​လျှင်၊


သူ​နှင့်​အ​တူ ဗင်္ယာ​မိန်​အ​မျိုး​သား​တစ်​ထောင်၊ ရှော​လု​အ​ဆွေ​အ​မျိုး၏ ကျွန်​ဇိ​ဘ​နှင့် သူ၏​သား တစ်​ကျိပ်​ငါး​ယောက်၊ ကျွန်​နှစ်​ဆယ်​တို့​သည်​လည်း လိုက်​လာ၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ယော်​ဒန်​မြစ်​ကို ကူး​ကြ၏။


ရှော​လု၏​သား မေ​ဖိ​ဗော​ရှက်​သည်​လည်း ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​လာ၏။ ရှင်​ဘု​ရင်​ထွက်​သော​နေ့​မှ​စ၍ ငြိမ်​ဝပ်​စွာ ပြန်​လာ​တော်​မ​မူ​မီ​တိုင်​အောင်၊ သူ​သည်​ခြေ​တို့​ကို မ​ပြု​စု၊ မုတ်​ဆိတ်​ကို​မ​ပြင်​ဆင်၊ အ​ဝတ်​ကို မ​လျှော်​ဘဲ​နေ​ပြီ။


အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန်​သည် ခြေ​ဆွံ့​သော​ကြောင့် မြည်း​စီး၍ ကိုယ်​တော်​ထံ​သို့​သွား​ခြင်း​ငှာ မြည်း​ကို ကုန်း​နှီး​တင်​မည်​ဟု ကြံ​စဉ်​အ​ခါ၊ ကျွန်​တော်​ကျွန်​သည် ကျွန်​တော်​ကို လှည့်​စား​ပါ၏။


သင်​သည် သင်၏​သား​ကျွန်​တို့​နှင့်​တ​ကွ လယ်​လုပ်၍ သင့်​သ​ခင်၏​သား​စား​စ​ရာ​ဖို့ အ​သီး​အ​နှံ​ကို သွင်း​ရ​မည်။ သို့​ရာ​တွင် သင့်​သ​ခင်၏​သား မေ​ဖိ​ဗော​ရှက်​သည် နေ့​တိုင်း​အ​စဉ် ငါ့​စား​ပွဲ၌ အ​စာ​စား​ရ​မည်​ဟု မိန့်​တော်​မူ၏။ ဇိ​ဘ၌ သား​တစ်​ဆယ်​ငါး​ယောက်​နှင့် ကျွန်​နှစ်​ဆယ်​ရှိ၏။


မေ​ဖိ​ဗော​ရှက်၌ မိ​က္ခာ​အ​မည်​ရှိ​သော သား​ငယ်​တစ်​ယောက် ရှိ၏။ ဇိ​ဘ​အိမ်၌ နေ​သော​သူ​အ​ပေါင်း​တို့​သည်​လည်း မေ​ဖိ​ဗော​ရှက်၏​ကျွန် ဖြစ်​ကြ၏။


ထို​သို့ မေ​ဖိ​ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ရှင်​ဘု​ရင်၏​စား​ပွဲ​တော်၌ နေ့​တိုင်း​အ​စဉ်​စား​ရ၏။ ခြေ​နှစ်​ဖက်​ဆွံ့​သော​သူ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ