Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 8:8 - Judson Bible in Zawgyi Version

8 ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သော ဘေ​တ​မြို့​နှင့် ဗေ​ရော​သဲ​မြို့​မှ ဒါ​ဝိဒ်​မင်း​ကြီး​သည် များ​စွာ​သော​ကြေး​ဝါ​ကို သိမ်း​သွား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ဒါဝိဒ်​မင်းကြီး​သည် ဘေတ​မြို့​၊ ဗေရောသဲ​မြို့​စသည့် ဟာဒဒေဇာ​မင်းကြီး​ပိုင်​သော​မြို့​တို့​မှ ကြေးနီ​အမြောက်အမြား​ကို​လည်း သိမ်းယူ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 မင်း​ကြီး​သည်​ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သည့်​မြို့ များ​ဖြစ်​သော ဘေ​တ​မြို့​များ​နှင့်​ဗေ​ရော​သဲ မြို့​တို့​မှ​ကြေး​ဝါ​အ​မြောက်​အ​မြား​ကို လည်း​သိမ်း​ယူ​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 8:8
9 ပူးပေါင်းရင်းမြစ်များ  

ဟာ​ဒ​ဒေ​ဇာ၏​ကျွန်​တို့​စွဲ​ကိုင်​သော ရွှေ​ဒိုင်း​လွှား​များ​ကို ဒါ​ဝိဒ်​သည်​သိမ်း၍ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၏။


ရှော​လ​မုန်၌ ရန်​ဘက်​ပြု​သော​သူ​တ​ခြား၊ ဧ​လျာ​ဒ​သား​ရေ​ဇုန်​ကို ဘု​ရား​သ​ခင် နှိုး​ဆော်​တော်​မူ၏။ ထို​သူ​သည် မိ​မိ​သ​ခင်​ဇော​ဘ​မင်း​ကြီး ဟာ​ဒ​ဒေ​ဇာ​ထံ​မှ​ပြေး၍၊


ထို​နောက် ဒါ​ဝိဒ်​သည် ဖိ​လိ​တ္တိ​လူ​တို့​ကို လုပ်​ကြံ၍ အောင်​မြင်​သ​ဖြင့်၊ ဂါ​သ​မြို့​နှင့် ကျေး​လက်​များ​ကို သိမ်း​ယူ​လေ၏။


ဟာ​ဒ​ဒေ​ဇာ​အ​စိုး​ရ​သော တိ​ဗ​ဟတ်​မြို့​နှင့် ခုန်​မြို့​မှ၊ ဒါ​ဝိဒ်​သည် များ​စွာ​သော​ကြေး​ဝါ​ကို သိမ်း​သွား၏။ ရှော​လ​မုန်​သည် ကြေး​ဝါ​ရေ​ကန်၊ ကြေး​ဝါ​တိုင်၊ ကြေး​ဝါ​တန်​ဆာ​များ​ကို ထို​ကြေး​ဝါ​ဖြင့် လုပ်​သ​တည်း။


ငါ​သည် ဆင်း​ရဲ​ခံ​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ရွှေ​အ​ခွက်​တစ်​ထောင်​နှင့် ငွေ​အ​ခွက် တစ်​သောင်း​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​နှင့်​သံ​ကို​လည်း​ကောင်း၊ သစ်​သား​များ​နှင့် ကျောက်​များ​ကို​လည်း​ကောင်း ပြင်​ဆင်​ပြီ။ သင်​သည်​လည်း ထပ်၍ ပြင်​ဆင်​ရ​မည်။


ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ အ​တိုင်း​မ​သိ​များ​သည် ဖြစ်၍ ထ​လော့။ ကြိုး​စား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု မှာ​ထား​တော်​မူ၏။


ဘု​ရား​သ​ခင်၏​အိမ်​တော်​မှု​ကို ဆောင်​ရွက်​ရာ​ဖို့ ရွှေ​အ​ခွက်​ငါး​သောင်း​နှင့် ရွှေ​ဒင်္ဂါး​တစ်​သောင်း၊ ငွေ​အ​ခွက် တစ်​သိန်း၊ ကြေး​ဝါ​အ​ခွက် တစ်​သိန်း​ရှစ်​သောင်း၊ သံ​အ​ခွက် တစ်​သန်း​ကို လှူ​ကြ၏။


ဟာ​မတ်​မြို့​နှင့် ဗေ​ရော​သာ​မြို့​ကို​လည်း​ကောင်း၊ ဒ​မာ​သက်​နယ်​နှင့် ဟာ​မတ်​နယ်​စပ်​ကြား​မှာ သိ​ဗ​ရိမ်​မြို့​ကို​လည်း​ကောင်း၊ ဟော​ရန်​မြို့​အ​နား​မှာ၊ ဟာ​ဇာ​ဟ​တ္တိ​ကုန်း​မြို့​ကို​လည်း​ကောင်း​ဝိုင်း၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ