Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 7:13 - Judson Bible in Zawgyi Version

13 ထို​သား​သည် ငါ၏​နာ​မ​အ​ဖို့ အိမ်​ကို​ဆောက်​လိမ့်​မည်။ သူ​ထိုင်​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ငါ့​နာမ​တော်​အဖို့ အိမ်​တော်​ကို သူ​တည်ဆောက်​ရ​လိမ့်မည်​။ သူ့​နိုင်ငံ​၏​ရာဇပလ္လင်​ကို ငါ​အစဉ်​တည်မြဲ​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 သူ​သည်​ငါ​၏​အ​တွက်​ဗိမာန်​တော်​ကို​တည် ဆောက်​ရ​မည်။ ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 7:13
39 ပူးပေါင်းရင်းမြစ်များ  

ရှိ​လော​မ​ရောက်​မီ​တိုင်​အောင်၊ ရာ​ဇ​လှံ​တံ​သည်​ယု​ဒ​ထံ​မှ​လည်း​ကောင်း၊ မင်း​အာ​ဏာ​သည် သူ၏​အ​မျိုး​အ​နွယ်​ထံ​မှ​လည်း​ကောင်း မ​ရွေ့​ရ။ ရှိ​လော၌​လူ​မျိုး​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။


ဘု​ရား​သ​ခင်​သည် မိ​မိ​ခန့်​ထား​သော​မင်း​ကြီး​ကို ကယ်​တင်​သော​ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို​ခံ​ရ​သော ဒါ​ဝိဒ်​မှ​စ၍ အ​မျိုး​အ​နွယ်​အား၊ ကာ​လ​အ​စဉ်​အ​ဆက် က​ရု​ဏာ​ကျေး​ဇူး​ကို​ပြု​တော်​မူ၏။


သင်၏​အ​မျိုး​အ​နွယ်​နှင့်၊ သင်၏​နိုင်​ငံ​သည် ငါ့​ရှေ့​မှာ အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ သင်၏​ရာ​ဇ​ပ​လ္လင်​သည်​လည်း အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်​ဟု ငါ့​ကျွန်​ဒါ​ဝိဒ်​အား​ပြော​လော့​ဟု မိန့်​တော်​မူ၏။


အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​တည်​စေ​မည်​ဟု ကိုယ်​တော်​ကျွန်​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​သည် ဤ​ပ​တ္ထ​နာ​ကို ရှေ့​တော်၌ ပြု​ချင်​သော​စိတ်​ရှိ​ပါ၏။


ငါ့​ကို​မြဲ​မြံ​စေ​သ​ဖြင့်၊ ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်၍ က​တိ​တော်​နှင့်​အ​ညီ ငါ့​နေ​ရာ​နန်း​တော်​ကို ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ဒေါ​နိ​ယ​သည် ယ​နေ့​အ​သေ​ခံ​ရ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ပြီး​မှ၊


သင်၏​သား​မြေး​တို့​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ငါ့​ရှေ့​မှာ သ​မ္မာ​တ​ရား၌​ကျင်​လည်​ခြင်း​ငှာ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ဣ​သ​ရေ​လ​နိုင်​ငံ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​ရ​သော သင်၏​အ​မျိုး​မင်း​ရိုး​မ​ပြတ်​ရ​ဟု မိန့်​တော်​မူ​သော စ​ကား​တော်​တည်၍၊ သင်​သည်​ပြု​လေ​ရာ​ရာ၊ သွား​လေ​ရာ​ရာ၌ အောင်​မြင်​မည်​အ​ကြောင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ လမ်း​တော်​သို့​လိုက်၍၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း၌​ပါ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်၊ သက်​သေ​ခံ​ချက်၊ ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ မှာ​ထား​တော်​မူ​သော​စ​ကား​ကို နား​ထောင်​လော့။


ရှော​လ​မုန်​မင်း​ကြီး​သည် မင်္ဂ​လာ​ရှိ၍ ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​တော်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​စဉ်​အ​မြဲ တည်​ပါ​စေ​သ​တည်း​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊


ထာ​ဝ​ရ​ဘု​ရား​က၊ ငါ့​အ​ဘ​ဒါ​ဝိဒ်​အား သင့်​ကိုယ်​စား သင်၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ငါ​တင်​သော သင်၏​သား​သည် ငါ့​နာ​မ​အ​ဖို့ အိမ်​ကို တည်​ဆောက်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​အ​ဖို့ အိမ်​တော်​ကို တည်​ဆောက်​မည်​ဟု ငါ​အ​ကြံ​ရှိ၏။


ယ​ခု​တည်​ဆောက်​သော အိမ်​တော်​အ​ရာ​မှာ၊ သင်​သည် ငါ​သွန်​သင်​သော​လမ်း​သို့ လိုက်​လျက်၊ ငါ​စီ​ရင်​ချက်​အ​တိုင်း စီ​ရင်၍၊ ငါ​ပ​ညတ်​သ​မျှ​တို့​ကို စောင့်​ရှောက်​လျှင်၊ သင်၏​အ​ဘ​ဒါ​ဝိဒ်​အား ငါ​က​တိ​ထား​သည်​အ​တိုင်း သင်၌​ငါ​ပြု​မည်။


အ​ကယ်​စင်​စစ် ကိုယ်​တော်​ကျိန်း​ဝပ်​တော်​မူ​ရာ​အိမ်၊ အ​စဉ်​အ​မြဲ​နေ​တော်​မူ​ရာ ဌာ​န​တော်​ကို အ​ကျွန်ုပ်​တည်​ဆောက်​ပါ​ပြီ​ဟု မြွက်​ဆို၏။


ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊


သို့​သော်​လည်း သင်​သည် အိမ်​တော်​ကို မ​ဆောက်​ရ။ သင်၏​သား​ရင်း​သည် ငါ့​နာ​မ​အ​ဖို့​အိမ်​တော်​ကို​ဆောက်​ရ​မည်​ဟု ငါ့​ခ​မည်း​တော်​ဒါ​ဝိဒ်​အား မိန့်​တော်​မူ၏။


ယေ​ရု​ရှ​လင်​မြို့၌ ငါ့​နာ​မ​ကို​ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​မြို့၊ ဗိ​မာန်​တော်၌ ယဇ်​ပ​လ္လင်​တည်း​ဟူ​သော၊


ဤ​ဗိ​မာန်၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​တွင် ငါ​ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း၊ ငါ့​နာ​မ​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​နှင့် သား​တော်​ရှော​လ​မုန်​အား မိန့်​တော်​မူ​ရာ၌၊ ရည်​ဆောင်​သော ဗိ​မာန်​တော်​ထဲ​မှာ မိ​မိ​ပြု​စု​သော အာ​ရှ​ရ​ပင်​နှင့်​တူ​အောင် လုပ်​သော​ရုပ်​တု​ကို တင်​ထား၏။


သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်​အ​စ​ရှိ​သော​သား​မြေး​တို့၏​မီး​ခွက်​ကို အ​စဉ်​ထွန်း​လင်း​စေ​မည်​ဟု က​တိ​တော်​ရှိ​သော​ကြောင့်၊ ဒါ​ဝိဒ်၏ မျက်​နှာ​ကို​ထောက်၍၊ ယု​ဒ​ပြည်​ကို​မ​ဖျက်​ဆီး​ဘဲ ထား​တော်​မူ၏။


သ​တိ​ပြု​လော့။ သန့်​ရှင်း​ရာ​ဌာ​န​အ​ဖို့ အိမ်​တော်​ကို​တည်​ဆောက်​စေ​ခြင်း​ငှာ သင့်​ကို ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​ကြောင့်၊ အား​ယူ၍ တည်​ဆောက်​လော့​ဟု မှာ​ထား​တော်​မူ၏။


ယေ​ရု​ရှ​လင်​မြို့၌ ငါ့​နာ​မ​ကို အ​စဉ်​ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​မြို့၊ ဗိ​မာန်​တော်၌​ယဇ်​ပ​လ္လင်​တည်း​ဟူ​သော၊


အို​ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​က၊ သင်​သည်​ငါ့​ရှေ့​မှာ ကျင့်​သ​ကဲ့​သို့ သင်၏​သား​မြေး​တို့​သည် ငါ့​တ​ရား​ကို ကျင့်​လို​သော​ငှာ၊ မိ​မိ​တို့​သွား​ရာ​လမ်း​ကို သ​တိ​ပြု​လျှင်၊ ငါ့​မျက်​မှောက်၌ ဣ​သ​ရေ​လ​နိုင်​ငံ၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​ရ​သော သင်၏​အ​မျိုး မင်း​ရိုး​မ​ပြတ်​ရ​ဟု ကိုယ်​တော်​ကျွန် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌​ထား​တော်​မူ​သော က​တိ​တော်​ကို ယ​ခု စောင့်​တော်​မူ​ပါ။


ဖြောင့်​မတ်​သော​သူ​တို့​ကို ပ​မာ​ဏ​မ​ပြု​ဘဲ နေ​တော်​မ​မူ။ ရှင်​ဘု​ရင်​နှင့်​အ​တူ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထာ​ဝ​ရ​နေ​ရာ​ချ၍ ချီး​မြှောက်​တော်​မူ၏။


နာ​မ​တော်​သည် အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။ နေ​သည် တည်​သ​မျှ​သော​ကာ​လ​ပတ်​လုံး နာ​မ​တော် တိုး​ပွား​လိမ့်​မည်။ ကျေး​ဇူး​တော်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏၊ မင်္ဂ​လာ​ရှိ​တော်​မူ​သည်​ဟု ချီး​မွမ်း​ကြ​လိမ့်​မည်။


သူ့​ဘက်​မှာ ငါ့​လက်​သည်​တည်​လိမ့်​မည်။ ငါ့​လက်​ရုံး​သည် သူ့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​မည်။


သူ၏​အ​မျိုး​အ​နွယ်​ကို အ​စဉ်​အ​မြဲ တည်​စေ​မည်။ သူ၏​ပ​လ္လင်​သည် ကောင်း​ကင်​က​လာ​သ​ကဲ့​သို့ နိ​စ္စ​ထာ​ဝ​ရ​ဖြစ်​လိမ့်​မည်။


သင်၏​ပ​လ္လင်​ကို​လည်း လူ​မျိုး​အ​ဆက်​ဆက်​တည်​စေ​မည်​ဟု ငါ​ရွေး​ကောက်​သော​သူ​နှင့် ငါ​သည်​ပ​ဋိ​ညာဉ်​ဖွဲ့၍၊ ငါ၏​ကျွန်​ဒါ​ဝိဒ်​အား ကျိန်​ဆို​ခြင်း​ကို ပြု​ပြီ။


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နှစ်​သက်​ဖွယ်​သော​အ​ချိန်၌ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ ကယ်​တင်​ရာ​ကာ​လ၌ သင့်​ကို​မ​စ​ပြီ။ သင့်​ကို​လည်း ငါ​စောင့်​ရှောက်၍၊ သင်​သည် ပြည်​တော်​ကို ပြု​ပြင်​လျက်၊ ဆိတ်​ညံ​သော အ​မွေ​ခံ​ရာ​အ​ရပ်​တို့​ကို အ​မွေ​ပေး​စေ​မည်​အ​ကြောင်း၊


အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​ကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။


ဒါ​ဝိဒ်​မင်း၏ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်၍၊ နိုင်​ငံ​တော်​ကို နောင်​ကာ​လ​အ​စဉ်​မ​ပြတ်၊ တ​ရား​တော်​အ​တိုင်း ဖြောင့်​မတ်​စွာ​စီ​ရင်၍ အ​မြဲ​တည်​စေ​တော်​မူ​မည်​အ​ကြောင်း၊ အာ​ဏာ​တော်​တိုး​တက်​ခြင်း​နှင့် ငြိမ်​သက်​တော်​မူ​ခြင်း​သည် နိ​စ္စ​အ​မြဲ​ရှိ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လို​တော်​အား​ကြီး၍၊ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​နန်း​တော်​ပေါ်​မှာ ထိုင်​ရ​သော ဒါ​ဝိဒ်​မင်း​ရိုး​မင်း​စဉ်​သည် အ​လျှင်း​မ​ပြတ်​ရ။


ငါ၏​ကျွန်​ယာ​ကုပ်​အား​ငါ​ပေး၍၊ သင်​တို့ ဘိုး​ဘေး​များ​နေ​ဖူး​သော ပြည်၌ သူ​တို့​နှင့် သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် နေ​ကြ​လိမ့်​မည်။ ငါ၏​ကျွန်​ဒါ​ဝိဒ်​သည်​လည်း သူ​တို့​ကို အ​စဉ်​အ​မြဲ​စိုး​စံ​လိမ့်​မည်။


လက်​နှင့်​မ​ထု​မ​လုပ်​ဘဲ ကျောက်​တစ်​လုံး​သည် တောင်​ပေါ်​က အ​လို​လို​ပဲ့​ကွာ၍၊


ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ထို​သူ​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​ညွန့်​အ​မည်​ရှိ​သော သူ​ကို ကြည့်​ရှု​လော့။ မိ​မိ​ဒေ​သ​အ​ရပ်၌ ပေါက်၍ ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​ပြီး​လျှင်၊ ဘုန်း​ကြီး၍ မိ​မိ​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက် စိုး​စံ​လိမ့်​မည်။ ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ ယဇ်​ပု​ရော​ဟိတ်​လည်း​ဖြစ်၍၊ ထို​နှစ်​ပါး​တို့​သည် မိတ်​သ​ဟာ​ယ ပ​ဋိ​ညာဉ်​ကို ဖွဲ့​ကြ​လိမ့်​မည်။


ငါ​ဆို​သည်​ကား၊ သင်​သည် ပေ​တ​ရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်​မှာ ငါ့​အ​သင်း​ကို ငါ​တည်​ဆောက်​မည်။ ထို​အ​သင်း​ကို မ​ရ​ဏ​နိုင်​ငံ၏ တံ​ခါး​တို့​သည် မ​နိုင်​ရာ။-


အိမ်​ကို​ဆောက်​သော​သူ​သည် အိမ်​ထက်​သာ၍ ကြီး​သော အ​သ​ရေ​ရှိ​သ​ကဲ့​သို့၊ ယေ​ရှု​သည် မော​ရှေ​ထက် သာ၍​ကြီး​သော အ​သ​ရေ​ကို​ခံ​ထိုက်​သော​သူ ဖြစ်​သည်​ဟု ထင်​မှတ်​စ​ရာ​အ​ကြောင်း​ရှိ၏။-


အ​သက်​ကျောက်​များ​ကဲ့​သို့ အ​ဆင့်​ဆင့်​အ​ထပ်​ထပ် တည်​ဆောက်​လျက်​ရှိ​သ​ဖြင့် ဓ​မ္မ​တိုက်​ဖြစ်​ကြ၏။ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​ရာ ဓ​မ္မ​ယဇ်​ကို​ပူ​ဇော်​ရ​သော သန့်​ရှင်း​သော ယဇ်​ပု​ရော​ဟိတ်​မျိုး​လည်း ဖြစ်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ