၂ ဓမ္မရာဇဝင် 6:2 - Judson Bible in Zawgyi Version2 ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏သေတ္တာတော်ကို ယုဒပြည်ဗာလာမြို့မှ ဆောင်ခဲ့ခြင်းငှာ၊ မိမိ၌ပါသောသူအပေါင်းတို့နှင့်တကွ ထသွားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်သော၊ ခေရုဗိမ်တို့အထက်တွင်စံနေတော်မူသော ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်လာရန် ဒါဝိဒ်မင်းကြီးသည် မိမိလူအပေါင်းတို့နှင့်တကွ ယုဒပြည်၊ ဗာလာမြို့သို့ ထသွားလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version2 ခေရုဗိမ် တို့အထက်စံတော်မူသောအနန္တတန်ခိုးရှင် ထာဝရဘုရား၏နာမတော်ဖြင့်ခေါ်ဝေါ် သမုတ်သည့်ပဋိညာဉ်သေတ္တာတော်ကိုပင့် ဆောင်ရန်ယုဒပြည်ဗာလာမြို့သို့ချီ သွားတော်မူ၏။- အခန်းကိုကြည့်ပါ။ |
ကိုယ်ဟောပြောပြုစုသော အရာများတို့သည်၊ ကိုယ်အဖို့ မဟုတ်၊ သင်တို့အဖို့ ဖြစ်သည်ဟု ထိုသူတို့အား ဖွင့်ပြတော်မူ၏။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်ပါလျက်၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည်၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင်သော စေတနာစိတ် ရှိကြ၏။