Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 6:18 - Judson Bible in Zawgyi Version

18 မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း အ​မှု​ကို​ပြီး​စီး​သော​အ​ခါ၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​မြွက်၍ ပ​ရိ​သတ်​တို့​ကို ကောင်း​ချီး​ပေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထိုသို့ မီးရှို့ရာယဇ်​နှင့် မိတ်သဟာယယဇ်​တို့​ကို ပူဇော်​ပြီး​သောအခါ ဒါဝိဒ်​မင်းကြီး​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရဘုရား​၏​နာမ​တော်​၌ လူ​တို့​ကို ကောင်းချီးပေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

18 ယင်း​သို့​ပူ​ဇော်​ပြီး​သော​အ​ခါ​သူ​သည် အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 6:18
16 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​မြေ​ကြီး​ရှင်၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် အာ​ဗြံ​အား ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​ကို​ကောင်း​ချီး​ပေး၍၊


ဣ​သ​ရေ​လ​ပ​ရိ​သတ် ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​အား မုန့်​တစ်​ပြား၊ အ​မဲ​သား​တစ်​တစ်၊ စ​ပျစ်​သီး​ပျဉ် တစ်​ပြား​စီ ဝေ​ငှ​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ရာ​သို့ ပြန်​သွား​ကြ၏။


တစ်​ဖန် ရှင်​ဘု​ရင်​သည် လှည့်​ကြည့်၍ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မတ်​တပ်​နေ​ကြ၏။


ရှင်​ဘု​ရင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊


မတ်​တတ်​နေ​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို ကျယ်​သော​အ​သံ​နှင့် ကောင်း​ချီး​ပေး​သော​စ​ကား​ဟူ​မူ​ကား၊


မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ဒါ​ဝိဒ်​မင်း​သည် ပြီး​စီး​စေ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​မြွက်၍ ပ​ရိ​သတ်​တို့​ကို ကောင်း​ချီး​ပေး​လေ၏။


ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည်​ထ၍ လူ​များ​တို့​ကို ကောင်း​ချီး​ပေး​ကြ၏။ သူ​တို့​စ​ကား​သံ​ကို ဘု​ရား​သ​ခင်​ကြား​တော်​မူ၏။ သန့်​ရှင်း​သော​ကျိန်း​ဝပ်​တော်​မူ​ရာ၊ ကောင်း​ကင်​ဘုံ​သို့ ပ​တ္ထ​နာ​စ​ကား​တက်​လေ၏။


ပုံ​ထား​သော​ဥ​စ္စာ​ကို၊ ဟေ​ဇ​ကိ​နှင့် မှူး​မတ်​တို့​သည် လာ၍​မြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဘု​ရား​သ​ခင်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ကောင်း​ချီး​ပေး​ကြ၏။


တစ်​ဖန် ရှင်​ဘု​ရင်​သည် လှည့်​ကြည့်၍ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​ကို ကောင်း​ချီး​ပေး​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မတ်​တတ်​နေ​ကြ၏။


လမ်း၌ လျှောက်​သွား​သော​သူ​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော မင်္ဂ​လာ​သက်​ရောက်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို အ​မှီ​ပြု၍၊ သင်​တို့​ကို ကောင်း​ချီး​ပေး​ကြ၏​ဟု မ​ပြော​မ​ဆို​ရ​ကြ။


ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ​ခြင်း​ငှာ၊ လုပ်​ကြောင်း​ကို မော​ရှေ​သိ​မြင်​သော​အ​ခါ၊ သူ​တို့​ကို ကောင်း​ချီး​ပေး​လေ၏။


သင်​တို့​တွင် မိ​မိ​ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​ပယ်​ရှား​သော​သူ ရှိ​သ​မျှ​တို့​အား ကောင်း​ချီး​မင်္ဂ​လာ​ကို ပေး​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​ပြီး​လျှင်၊ သင်​တို့​ရှိ​ရာ​သို့ ရှေး​ဦး​စွာ​စေ​လွှတ်​တော်​မူ​သည်​ဟု လူ​များ​တို့​အား ပေ​တ​ရု​ဟော​ပြော၏။


ကောင်း​ချီး​ပေး၍ လွှတ်​လိုက်​လေ၏။ သူ​တို့​သည် ကိုယ်​နေ​ရာ​အိမ်​သို့ သွား​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ