Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 6:13 - Judson Bible in Zawgyi Version

13 ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ကို ထမ်း​သော​သူ​တို့​သည် ခြောက်​လှမ်း​သွား​ပြီး​မှ၊ နွား​နှင့် ဆူ​ဖြိုး​သော​အ​ကောင်​တို့​ကို ယဇ်​ပူ​ဇော်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထာဝရဘုရား​၏​သေတ္တာ​တော်​ကို သယ်ဆောင်​သွား​သူ​တို့​သည် ခြေလှမ်း​ခြောက်​လှမ်း​အရောက်​တွင် နွားထီး​တစ်​ကောင်​နှင့် ဆူဖြိုး​သော​နွားသငယ်​တစ်​ကောင်​ကို ပူဇော်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​လာ​သူ​တို့ သည်​ခြေ​ခြောက်​လှမ်း​မျှ​လှမ်း​မိ​သော​အ​ခါ ဒါ​ဝိဒ်​သည်​သူ​တို့​အား​ရပ်​စေ​ပြီး​လျှင် ထာ​ဝ​ရ ဘုရား​အား​နွား​ထီး​တစ်​ကောင်​နှင့်​ဆူ​ဖြိုး​သော သိုး​တစ်​ကောင်​ကို​ယဇ်​ပူ​ဇော်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 6:13
9 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​မင်း​ကြီး​မှ​စ၍ စည်း​ဝေး​သော ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​ရေ​တွက်​နိုင်။ အ​တိုင်း​မ​သိ​များ​စွာ​သော သိုး​နွား​တို့​ကို သေ​တ္တာ​တော်​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကြ၏။


ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ လေ​ဝိ​သား​တို့​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို သေ​တ္တာ​တော်​ထမ်း​ပိုး​ဖြင့် ထမ်း​ကြ၏။


ဒါ​ဝိဒ်​က၊ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို​ထမ်း၍ ရှေ့​တော်၌ အ​မှု​တော်​ကို​အ​စဉ်​စောင့်​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် လေ​ဝိ​သား​တို့​ကို ရွေး​ချယ်​တော်​မူ​သော​ကြောင့်၊ အ​ခြား​တစ်​ပါး​သော သူ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို မ​ထမ်း​ရ​ကြ​ဟု​ဆို​လျက်၊


ရှော​လ​မုန်​မင်း​ကြီး​မှ​စ၍ သေ​တ္တာ​တော်​ရှေ့​မှာ စည်း​ဝေး​သော ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မ​ရေ​တွက်​နိုင်၊ အ​တိုင်း​မ​သိ များ​စွာ​သော သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ကြ၏။


ထို​သို့​တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ဖုံး​အုပ်​သော​နောက်၊ ကော​ဟတ်​သား​တို့​သည် ထမ်း​ခြင်း​ငှာ​ချဉ်း​ကပ်​ရ​ကြ​မည်။ သို့​ရာ​တွင် သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ၊ ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။


သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​မူ​ကို စောင့်​ရ​သော ကော​ဟတ်​သား​တို့​သည် မိ​မိ​တို့​ပ​ခုံး၌ ထမ်း​ရွက်​ရ​သော​ကြောင့်၊ သူ​တို့​အား ရ​ထား​နှင့်​နွား​တို့​ကို​မ​ပေး။


တစ်​ဖန် အ​ခြား​သော​လု​လင်​တို့​ကို စေ​လွှတ်၍ ငါ့​ပွဲ​ကို ငါ​ပြင်​ဆင်​ပြီ။ နွား​မှ​စ​သော ဆူ​ဖြိုး​သော တိ​ရ​စ္ဆာန်​များ​ကို သတ်၍​ပြီး​ပြီ။ အ​လုံး​စုံ​တို့​သည် အ​သင့်​ရှိ​ပြီ။ မင်္ဂ​လာ​ဆောင်​ပွဲ​သို့ လာ​ကြ​ပါ​ဟု ဖိတ်​ပြီး​သော​သူ​တို့​အား ပြော​ကြ​ဟု မှာ​လိုက်​ပြန်၏။-


သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​လည်း​ကောင်း၊ သေ​တ္တာ​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း​မြင်​လျှင်၊ သင်​တို့​သည် နေ​ရာ​ပြောင်း၍ လိုက်​ရ​ကြ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ