Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 5:7 - Judson Bible in Zawgyi Version

7 သို့​ရာ​တွင် ဒါ​ဝိဒ်​သည် ဒါ​ဝိဒ်​မြို့​တည်း​ဟူ​သော ဇိ​အုန်​ရဲ​တိုက်​ကို တိုက်​ယူ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

7 သို့သော် ဒါဝိဒ်​မင်းကြီး​သည် ဒါဝိဒ်​မြို့ ဟု​ခေါ်တွင်​မည့် ဇိအုန်​ခံတပ်​ကို သိမ်းပိုက်​နိုင်​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

7 (သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​ဇိ​အုန်​ခံ​တပ်​ကို သိမ်း​ယူ​နိုင်​ခဲ့​သ​ဖြင့် ယင်း​သည်​ဒါ​ဝိဒ်​မြို့ ဟု​နာ​မည်​တွင်​လာ​လေ​သည်။)

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 5:7
27 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့၌ ဒါ​ဝိဒ်​က၊ အ​ကြင်​သူ​သည် ယေ​ဗု​သိ​လူ​တို့​ကို တိုက်​ဖျက်​ပြီး​မှ ကျုံး​ကို​လွန်၍၊ ဒါ​ဝိဒ်​သည် ဤ​နေ​ရာ​သို့​မ​ဝင်​ရ​ဟု ဒါ​ဝိဒ်​အ​သက်​ကို​မုန်း​လျက် ပြော​ဆို​သော မျက်​စိ​ကန်း​နှင့် ခြေ​ဆွံ့​သော​သူ​တို့​ကို လုပ်​ကြံ၏။ ထို​သူ​သည် ဗိုလ်​ချုပ်​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ဇေ​ရု​ယာ​သား​ယွာ​ဘ​သည် အ​ဦး​တက်၍ ဗိုလ်​ချုပ်​အ​ရာ​ကို​ခံ​ရ၏။


ထို​နောက် ဒါ​ဝိဒ်​သည် ရဲ​တိုက်၌​နေ၍ ဒါ​ဝိဒ်​မြို့​ဟူ​သော​အ​မည်​ဖြင့် သ​မုတ်​လေ၏။ မိ​လ္လော​အ​ရပ် ပတ်​လည်၌​လည်း​ကောင်း၊ အ​တွင်း​ဘက်၌​လည်း​ကောင်း တည်​ဆောက်​လေ၏။


မိ​မိ​နေ​ရာ​ဒါ​ဝိဒ်​မြို့​ထဲ​သို့ သေ​တ္တာ​တော်​ကို​မ​ဆောင်​ဘဲ ဂိ​တ္တိ​လူ ဩ​ဗ​ဒေ​ဒုံ​အိမ်​သို့ လမ်း​လွှဲ၍ ဆောင်​သွား​လေ၏။


ထာ​ဝ​ရ​ဘု​ရား​သည် သေ​တ္တာ​တော်​ကြောင့် ဩ​ဗ​ဒေ​ဒုံ​နှင့် သူ၌​ရှိ​သ​မျှ​ကို ကောင်း​ချီး​ပေး​တော်​မူ​ကြောင်း​ကို ဒါ​ဝိဒ်​မင်း​ကြီး​ကြား​သော​အ​ခါ၊ တစ်​ဖန်​သွား၍ ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို ဩ​ဗ​ဒေ​ဒုံ​အိမ်​မှ ဒါ​ဝိဒ်​မြို့​သို့ ဝမ်း​မြောက်​သော​စိတ်​နှင့် ဆောင်​ခဲ့​လေ၏။


ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​သည် ဒါ​ဝိဒ်​မြို့​ထဲ​သို့​ဝင်​သော​အ​ခါ၊ ရှော​လု၏​သ​မီး​မိ​ခါ​လ​သည် ပြူ​တင်း​ပေါက်​ဖြင့်​ကြည့်၍၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ က​လျက်​ခုန်​လျက်​လာ​သည်​ကို​မြင်၍ စိတ်​နှ​လုံး​ထဲ၌ မ​ထီ​မဲ့​မြင်​ပြု၏။


ဒါ​ဝိဒ်​သည် ဘိုး​တော်​ဘေး​တော်​တို့​နှင့် အိပ်​ပျော်၍ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​တော်​မူ၏။


ရှော​လ​မုန်​သည် အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​နှင့် မိတ်​ဆွေ​ဖွဲ့​လျက်၊ သ​မီး​တော်​နှင့်​စုံ​ဖက်၍ နန်း​တော်၊ ဗိ​မာန်​တော်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို မ​ပြီး​မီ​တိုင်​အောင် ဒါ​ဝိဒ်​မြို့၌ နေ​ရာ​ပေး​တော်​မူ၏။


ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး​ကို အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၊ ရှင်​ဘု​ရင်​ထံ​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊


ဖာ​ရော​ရှင်​ဘု​ရင်၏​သ​မီး​တော်​သည် ဒါ​ဝိဒ်​မြို့​မှ​ထွက်၍၊ သူ့​အ​ဖို့​ရှော​လ​မုန်​တည်​ဆောက်​သော နန်း​တော်​သို့​ပြောင်း​ပြီး​မှ၊ ရှော​လ​မုန်​သည် မိ​လ္လော​မြို့​ကို​ပြု​ပြင်​လေ၏။


ထို​နောက် ဒါ​ဝိဒ်​သည် ရဲ​တိုက်၌​နေ​သော​ကြောင့်၊ ဒါ​ဝိဒ်​မြို့​ဟူ​သော​အ​မည်​ဖြင့် သ​မုတ်​ကြ၏။


ဒါ​ဝိဒ်​မြို့​မှာ ရှင်​ဘု​ရင်​တို့​တွင် သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တွင် ဘု​ရား​သ​ခင်၌​လည်း​ကောင်း၊ အိမ်​တော်၌​လည်း​ကောင်း ကျေး​ဇူး​ပြု​သော​သူ​ဖြစ်​သ​တည်း။


ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို၊ ဇိ​အုန်​မည်​သော ဒါ​ဝိဒ်​မြို့​မှ ဆောင်​ခဲ့​လို​သော​ငှာ၊ ရှော​လ​မုန်​သည် ဣ​သ​ရေ​လ အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​နှင့် ဣ​သ​ရေ​လ အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​ကို​အုပ်​သော ခေါင်း​မင်း​အ​ပေါင်း​တို့​ကို၊ ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​တော်​မူ​သည်​အ​တိုင်း၊


မိ​ဇ​ပါ​မြို့​တစ်​ပိုင်း​ကို အုပ်​သော ကော​လ​ဟော​ဇ​သား ရှ​လ္လုံ​သည် စမ်း​ရေ​တွင်း​တံ​ခါး​ကို ပြင်၍ တံ​ခါး​မိုး၊ တံ​ခါး​ရွက်၊ သော့​ခ​လောက်၊ ကန့်​လန့်​ကျင်​တို့​ကို လုပ်​ထား​ပြီး​လျှင်၊ ဥ​ယျာဉ်​တော်​နား​မှာ၊ ရှိ​လောင်​ရေ​ကန်​မြို့​ရိုး​ကို၊ ဒါ​ဝိဒ်​မြို့​လှေ​ကား​တိုင်​အောင် တည်၏။


ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို​ရွေး​ကောက်၍၊ အ​မြဲ​နေ​တော်​မူ​ရာ​ဖို့ အ​လို​တော်​ရှိ​သည်​အ​ရာ​မှာ၊


ငါ၏​ရှင်​ဘု​ရင်​ကို သန့်​ရှင်း​သော ဇိ​အုန်​တောင်​တော်​ပေါ်​မှာ၊ ငါ့​ကိုယ်​တိုင် ဘိ​သိက်​ပေး​ပြီ​ဟု မိန့်​တော်​မူ​မည်။


သား​မြေး​တို့​အား ကြား​ပြော​မည်​အ​ကြောင်း ဇိ​အုန်​မြို့​ကို ပတ်​ပတ်​လည်၍ ပြ​အိုး​တို့​ကို ရေ​တွက်​ကြ​လော့။


ထို​မြို့၏​ဘုံ​ဗိ​မာန်​တို့​တွင် ဘု​ရား​သ​ခင်၌ ခို​လှုံ​ရ​သည်​ကို သိ​ရ၏။


စေ​တ​နာ​စိတ်​တော်​ရှိ၍ ဇိ​အုန်​တောင်​ကို ကျေး​ဇူး​ပြု​တော်​မူ​ပါ။ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို တည်​စေ​တော်​မူ​ပါ။


ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​နေ​ရာ​အ​ပေါင်း​တို့​ထက် ဇိ​အုန်​တံ​ခါး​တို့​ကို သာ၍ နှစ်​သက်​တော်​မူ၏။


ဇိ​အုန်​မြို့​မှာ ကျိန်း​ဝပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ အ​မှု​တော်​များ​ကို လူ​မျိုး​တို့​အား ဟော​ပြော​ကြ​လော့။


အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​သည် သင်၏​အ​လယ်၌ ဘုန်း​ကြီး​တော်​မူ၏​ဟု မြွက်​ဆို​ရ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရွေး​နုတ်​သော​သ​ခင်​သည် ဇိ​အုန်​တောင်​ပေါ်​သို့ ကြွ၍၊ မ​တ​ရား​သော​အ​မှု​မှ လွှဲ​သော ယာ​ကုပ်​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ ရောက်​လ​တ္တံ့။


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ချိုင့်၌​နေ​သော​သူ၊ အို လွင်​ပြင်၌​ရှိ​သော​ကျောက်၊ သင့်​တစ်​ဖက်၌ ငါ​နေ၏။ သင်​တို့​က၊ ငါ​တို့​ကို အ​ဘယ်​သူ စစ်​တိုက်​နိုင်​မည်​နည်း။ ငါ​တို့​နေ​ရာ​ထဲ​သို့ အ​ဘယ်​သူ​ဝင်​နိုင်​မည်​နည်း​ဟု ဆို​တတ်​သော်​လည်း၊


များ​ပြား​သော လူ​မျိုး​တို့​က​လည်း၊ လာ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ တောင်​တော်၊ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင့်​အိမ်​တော်​သို့ တက်​သွား​ကြ​ကုန်​အံ့။ လမ်း​ခ​ရီး​တော်​တို့​ကို ပြ​သ​သွန်​သင်​တော်​မူ၍၊ ငါ​တို့​သည် ခြေ​တော်​ရာ​သို့ လိုက်​သွား​ကြ​မည်​ဟု၊ ခ​ရီး​သွား​လျက် ပြော​ဆို​ကြ​လိမ့်​မည်။ တ​ရား​တော်​သည် ဇိ​အုန်​တောင်​မှ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ပေါ်​ထွက်​လိမ့်​မည်။


ကျမ်း​စာ၌​လာ​သည်​ကား၊ ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း မ​ရှိ​နိုင်​ရာ​ဟု​လာ​သည်​နှင့် အ​ညီ၊ ထို​ကျောက်​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ထိ​မိ၍ လဲ​ကြ၏။


သင်​တို့​သည် ဇိ​အုန်​တောင်​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ မြို့​တော်​တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့၏ စည်း​ဝေး​ခြင်း​သို့​လည်း​ကောင်း၊-


ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ သိုး​သ​ငယ်​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ရပ်​နေ၏။ သူ၏​နာ​မ​နှင့် ခ​မည်း​တော်၏​နာ​မ​ကို န​ဖူး၌ အ​က္ခ​ရာ​တင်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​လည်း သူ​နှင့်​အ​တူ ရှိ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ