၂ ဓမ္မရာဇဝင် 4:11 - Judson Bible in Zawgyi Version11 ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကို သူ၏အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင်၊ သာ၍ ပြုသင့်သည်မဟုတ်လော။ ယခုပင် သူ၏အသွေးကို သင်တို့၌ ငါတောင်း၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည် မဟုတ်လောဟု ဗေရောသိအမျိုး၊ ရိမ္မုန်၏သား ရေခပ်နှင့် ညီဗာနာအား ဆိုပြီးလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်11 အပြစ်မဲ့သူကို သူ့အိမ်၊ သူ့အိပ်ရာပေါ်အထိ လာသတ်သောလူဆိုးတို့ကို ထိုထက်မက ပြုသင့်သည်မဟုတ်လော။ ယခုမှာ ငါသည် သူ့သွေးကြွေးကို သင်တို့ထံမှတောင်း၍ သင်တို့ကို မြေကြီးပေါ်မှ ဖယ်ရှားပစ်သင့်သည် မဟုတ်လော”ဟု ဆိုပြီးလျှင် အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version11 မိမိ၏အိမ်ခန်းတွင်အိပ်စက်နေသောအပြစ်မဲ့ သူအားသတ်ဖြတ်ကြသည့်လူဆိုးတို့ကို ပို၍ ပြင်းထန်သောအပြစ်ဒဏ်စီရင်သင့်သည်မ ဟုတ်လော။ ထိုအပြစ်မဲ့သူကိုသတ်သည့်အတွက် ယခုငါသည်သင်တို့အပေါ်တွင်လက်စားချေ မည်။ သင်တို့အားမြေမျက်နှာပြင်ပေါ်မှသုတ် သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
မြေမျက်နှာပေါ်၌ ရှိသောလူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ်သောအရာဖြစ်စေ၊ မိုးကောင်းကင်ငှက်ဖြစ်စေ၊ အသက်ရှင်သောအရာရှိရှိသမျှတို့ကို မြေကြီးပေါ်ကပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသောသူတို့သာ ကျန်ကြွင်းကြလေ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းတော်မူသောဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည်မ ဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ်တို့သည် သေခြင်းနှင့် ကင်းလွတ်ကြပါမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို စစ်ကြောစေခြင်းငှာ သူတို့ကို ခန့်ထားတော်မူပြီ။ အို ကျောက်ထရံ၊ ဆုံးမစေခြင်းငှာ သူတို့ကို နေရာချတော်မူပြီ။