Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 3:9 - Judson Bible in Zawgyi Version

9 ထာ​ဝ​ရ​ဘု​ရား​သည် နိုင်​ငံ​တော်​ကို ရှော​လု​အ​မျိုး​မှ​နုတ်၍

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ဒါဝိဒ်​မင်းကြီး​အား ထာဝရဘုရား ကျိန်ဆို​ထား​သည့်​အတိုင်း သူ့​အတွက် ငါ​မ​ပြု​ခဲ့​လျှင် ဘုရားသခင်​သည် ငါ​အာဗနာ​ကို စီရင်​တော်မူ​ပါစေသော​။ ထိုထက်မက ပြု​တော်မူ​ပါစေသော​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9-10 ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​နှင့်​သူ​၏​သား မြေး​များ​ထံ​မှ​နိုင်​ငံ​တော်​ကို​ရုပ်​သိမ်း​၍ ဒါ​ဝိဒ်​အား​နိုင်​ငံ​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင် အ​ဖြစ်​ခန့်​ထား​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ခဲ့​၏။ ယ​ခု​ငါ​သည်​ထို​က​တိ​တော်​အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​မ​ဆောင်​ရွက်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 3:9
16 ပူးပေါင်းရင်းမြစ်များ  

အာ​မ​သ​အား​လည်း၊ သင်​သည် ငါ့​အ​သား ငါ့​အ​ရိုး​တို့​အ​ဝင်​ဖြစ်​သည်​မ​ဟုတ်​လော။ သင်​သည် ငါ့​ရှေ့​မှာ ယွာ​ဘ၏​ကိုယ်​စား အ​စဉ် ဗိုလ်​ချုပ်​မင်း​မ​ဖြစ်​လျှင် ထို​မျှ​မ​က ဘု​ရား​သ​ခင်​သည် ငါ၌​ပြု​တော်​မူ​စေ​သ​တည်း ဟူ၍​လည်း​ကောင်း၊ ပြော​ကြ​လော့​ဟု မှာ​လိုက်​တော်​မူ၏။


ထို​သို့​ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​ကို တ​ညီ​တ​ညွတ်​တည်း နှ​လုံး​ညွတ်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​က ကိုယ်​တော်​ကျွန်​အ​ပေါင်း​တို့​နှင့်​တ​ကွ ကိုယ်​တော်​တိုင်​ပြန်​လာ​တော်​မူ​ပါ​ဟု ရှင်​ဘု​ရင်​အား လျှောက်​စေ​ကြ၏။


မိုး​မ​ချုပ်​မီ ဒါ​ဝိဒ်​သည် စား​တော်​ခေါ်​မည်​အ​ကြောင်း လူ​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ကြ​သော်​လည်း၊ ဒါ​ဝိဒ်​က၊ နေ​မ​ဝင်​မီ မုန့်​အ​စ​ရှိ​သော စား​စ​ရာ​တစ်​စုံ​တစ်​ခု​ကို ငါ​မြည်း​စမ်း​လျှင်၊ ထို​မျှ​မ​က ငါ၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​စေ​သ​တည်း​ဟု ကျိန်​ဆို၏


ယေ​ဇ​ဗေ​လ​က၊ နက်​ဖြန်​နေ့ ယ​ခု​အ​ချိန်​ရောက်​မှ၊ သင့်​အ​သက်​သည် ထို​ပ​ရော​ဖက်​တို့၏ အ​သက်​ကဲ့​သို့ ငါ​မ​ဖြစ်​စေ​လျှင်၊ ဘု​ရား​တို့​သည် ငါ၌​ထို​မျှ​မ​က​ပြု​ပါ​စေ​သော​ဟု တ​မန်​ကို ဧ​လိ​ယ​ထံ​သို့​စေ​လွှတ်၍ ကြား​လိုက်၏။


တစ်​ဖန် အ​ဒေါ​နိ​ယ​သည် ထို​သို့​တောင်း​သော်၊ မိ​မိ​အ​သက်​သေ​စေ​ခြင်း​ငှာ မ​တောင်း​မိ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ့​အား​ထို​မျှ​မ​က ပြု​တော်​မူ​စေ​သ​တည်း။


ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​အ​တိုင်း၊ ရှော​လု၏​နိုင်​ငံ​ကို ဒါ​ဝိဒ်​လက်​သို့​လွှဲ​ခြင်း​ငှာ ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ လာ​သော​သူ၊ စစ်​တိုက်​လက်​နက်​စုံ​နှင့် ပြည့်​စုံ​သော တပ်​သား​စာ​ရင်း​ဟူ​မူ​ကား၊


ကိုယ်​တော်​သေ​ရာ​အ​ရပ်၌ ကျွန်​မ​သေ၍ သင်္ဂြိုဟ်​ခံ​ပါ​မည်။ သေ​ခြင်း​မှ​တစ်​ပါး၊ အ​ခြား​သော​အ​မှု​ကြောင့် ကိုယ်​တော်​နှင့်​ကျွန်​မ ကွာ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ၌ ထို​မျှ​မ​က ပြု​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ဆို၏။


ရှော​လု​က​လည်း၊ ယော​န​သန်၊ သင်​သည်​ဆက်​ဆက်​မ​သေ​လျှင်၊ ဘု​ရား​သ​ခင်​သည် ထို​မျှ​မ​က ငါ၌ ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော်​လည်း၊


ရှ​မွေ​လ​က​လည်း၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို သင်​မှ​ဆုတ်​ယူ၍၊ သင့်​ထက်​ကောင်း​သော သင်၏​အိမ်​နီး​ချင်း​အား​ပေး​တော်​မူ​ပြီ။


နက်​ဖြန် မိုး​လင်း​သော​အ​ခါ၊ နာ​ဗ​လ​နှင့်​ဆိုင်​သော သူ​အ​ပေါင်း​တို့​တွင် ယောက်ျား​တစ်​စုံ​တစ်​ယောက်​ကို ငါ​ချန်​ထား​လျှင်၊ ထို​မျှ​မ​က ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ရန်​သူ​တို့​အား​ပြု​တော်​မူ​စေ​သ​တည်း​ဟု ဆို​နှင့်​ပြီ။


ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း သင်၌​ပြု​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​နိုင်​ငံ​ကို သင့်​လက်​မှ​နုတ်၍၊ သင့်​အိမ်​နီး​ချင်း ဒါ​ဝိဒ်​အား​ပေး​တော်​မူ​ပြီ။


ဧ​လိ​က​လည်း၊ အ​ဘယ်​သို့ မိန့်​တော်​မူ​သ​နည်း။ ငါ့​အား ဝှက်​မ​ထား​ပါ​နှင့်။ မိန့်​တော်​မူ​သ​မျှ တစ်​စုံ​တစ်​ခု​ကို ငါ့​အား​ဝှက်​ထား​လျှင်၊ မိန့်​တော်​မူ​သည်​အ​တိုင်း​မ​က သင်၌​ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို​လေ​သော်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ