Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 3:34 - Judson Bible in Zawgyi Version

34 သင်၏​လက်​ကို​မ​ချည်၊ သံ​ချေ​ချင်း​မ​ခတ်​ဘဲ လူ​ဆိုး​လက်​ဖြင့် သေ​သ​ကဲ့​သို့ သေ​ရှာ​ပါ​ပြီ​တ​ကား​ဟု မြွက်​ဆို၏။ လူ​အ​ပေါင်း​တို့​သည်​လည်း တစ်​ဖန် ငို​ကြွေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

34 သင့်​လက်​ကို​မ​ချုပ်နှောင်​၊ သင့်​ခြေ​ကို ခြေချင်း​မ​ခတ်​ဘဲ ကောက်ကျစ်​သော​သူ​၏​လက်ချက်​ဖြင့် သင်​သေ​ရ​ပါ​ပြီ​တကား​”​ဟု ဆို​သဖြင့် လူ​အပေါင်း​တို့​သည် ထပ်မံ​ငိုကြွေး​ကြ​ပြန်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

34 ရာ​ဇ​ဝတ်​ကောင်​၏​လက်​ချက်​ဖြင့်​သေ​ရ​သူ နည်း​တူ လက်​ထိတ်​မ​ခတ်​ခြေ​ချင်း​မ​စွဲ​ဘဲ ကျ​ဆုံး​လေ​ပြီ​တ​ကား'' ဟူ​၍​ဖြစ်​သည်။ ထို​အ​ခါ​လူ​တို့​သည်​အာ​ဗ​နာ​အ​တွက်​ငို ကြွေး​မြည်​တမ်း​ကြ​ပြန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 3:34
8 ပူးပေါင်းရင်းမြစ်များ  

ရှော​လု​မှ​စ၍ သား​တော်​ယော​န​သန်၊ ထာ​ဝ​ရ​ဘု​ရား၏​လူ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဓား​ဖြင့်​လဲ​သေ​သော​ကြောင့်၊ သူ​တို့​အ​တွက် ညဥ့်​ဦး​တိုင်​အောင် ငို​ကြွေး​မြည်​တမ်း၍ အ​စာ​ကို​ရှောင်​ကြ၏။


ရှင်​ဘု​ရင်​သည် အာ​ဗ​နာ​အ​တွက် မြည်​တမ်း​သည်​ကား၊ အာ​ဗ​နာ​သည် လူ​မိုက်​ကဲ့​သို့​သေ​သ​လော။


မိုး​မ​ချုပ်​မီ ဒါ​ဝိဒ်​သည် စား​တော်​ခေါ်​မည်​အ​ကြောင်း လူ​အ​ပေါင်း​တို့​သည် ချဉ်း​ကပ်​ကြ​သော်​လည်း၊ ဒါ​ဝိဒ်​က၊ နေ​မ​ဝင်​မီ မုန့်​အ​စ​ရှိ​သော စား​စ​ရာ​တစ်​စုံ​တစ်​ခု​ကို ငါ​မြည်း​စမ်း​လျှင်၊ ထို​မျှ​မ​က ငါ၌ ဘု​ရား​သ​ခင်​ပြု​တော်​မူ​စေ​သ​တည်း​ဟု ကျိန်​ဆို၏


လူ​သတ်​သည်​စော​စော​ထ၍ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့​ကို သတ်​တတ်၏။ ည​အ​ခါ သူ​ခိုး​လုပ်​တတ်၏။


ဤ​ရွေ့​ကား၊ အဲ​ဂု​တ္တု​ပြည်​အ​တွက် ပြု​ရ​သော မြည်​တမ်း​ခြင်း​တည်း။ အ​မျိုး​မျိုး​သော သ​တို့​သ​မီး​တို့​သည်​လည်း မြည်​တမ်း၍၊ အဲ​ဂု​တ္တု​ပြည်​နှင့် ပြည်​သား အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​အ​တွက် မြည်​တမ်း​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။


ဓား​ပြ​အ​လုံး​အ​ရင်း​သည် ခ​ရီး​သွား​သော​သူ​ကို ချောင်း၍​ကြည့်​သ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​အ​သင်း​သည် ရှေ​ခင်​မြို့​သို့​သွား​သော လမ်း၌​ပင် အ​သက်​ကို သတ်​တတ်​ကြ၏။


ဖိ​လိ​တ္တိ​လူ​တို့​သည် ဖမ်း​ဆီး၍ သူ့​မျက်​စိ​ကို​ဖောက်​ပြီး​မှ ဂါ​ဇ​မြို့​သို့ ယူ​သွား​ပြီး​လျှင် ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်၍ ထောင်​အိမ်၌ ကြိတ်​ဆုံ​နှင့် ကြိတ်​စေ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ