၂ ဓမ္မရာဇဝင် 3:25 - Judson Bible in Zawgyi Version25 နေရ၏သား အာဗနာသည် ကိုယ်တော်ကိုလှည့်စား၍ ကိုယ်တော်ထွက်ဝင်တော်မူခြင်း၊ စီရင်တော်မူခြင်းအလုံးစုံကို သိအံ့သောငှာသာ လာသည်ကို ကိုယ်တော်သိတော်မူ၏ဟု လျှောက်ပြီးလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်25 နေရ၏သား အာဗနာအကြောင်းကို အရှင်သိပါ၏။ အရှင့်ကိုလှည့်စားရန်အတွက်၊ အရှင်ဝင်ထွက်သွားလာသမျှ၊ လုပ်ဆောင်သမျှတို့ကိုသိရှိရန်အတွက် ရောက်လာခြင်းသာဖြစ်၏”ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version25 သူသည်အရှင့်အားလိမ်လည်လှည့်စား၍ အရှင် သွားလာလှုပ်ရှားမှုအလုံးစုံကိုစုံစမ်းရန် လာရောက်ခြင်းဖြစ်သည်ကိုအရှင်သိတော်မူ သည်မဟုတ်ပါလော'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍သိစေခြင်းငှာ သင်တို့တွင် တစ်ယောက်သောသူကိုစေလွှတ်၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာချထားမည်။ သို့မဟုတ် ဖာရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည်သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင်ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်းငှာသာ သူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြသော်။
အာရှုရိရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့်မိတ်သဟာယဖွဲ့ကြ။ ငါ့ထံသို့ထွက်လာကြ။ သင်တို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ သင်တို့ပြည်နှင့်တူသော ပြည်တည်းဟူသော၊ ဆန်စပါး၊ စပျစ်ရည်နှင့်ပြည့်စုံသောပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်၊ သံလွင်ဆီ၊ ပျားရည်များသောပြည်သို့ပို့ခြင်းငှာ ငါမလာမီတိုင်အောင် သင်တို့သည် ကိုယ်စပျစ်ပင်၏ အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏အသီးကိုစား၍၊ ကိုယ်ရေကန်ကရေကိုသောက်လျက် နေကြဦးလော့။