Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 3:21 - Judson Bible in Zawgyi Version

21 အာ​ဗ​နာ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​လို​တော်​ရှိ​သ​မျှ​အ​တိုင်း​စိုး​စံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျွန်​တော်​ထ​သွား၍ ထို​သူ​အ​ပေါင်း​တို့​ကို ကျွန်​တော်​သ​ခင်၊ ကျွန်​တော်​ရှင်​ဘု​ရင်​ထံ​တော်၌ စု​ဝေး​စေ​ပါ​မည်​ဟု​လျှောက်​ပြီး​မှ၊ ဒါ​ဝိဒ်​လွှတ်​လိုက်၍ သူ​သည် ငြိမ်​ဝပ်​စွာ​သွား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 အာဗနာ​က ဒါဝိဒ်​မင်းကြီး​အား “​အစ္စရေး​တစ်မျိုးနွယ်လုံး​အရှင်မင်းကြီး​ထံ​ရောက်လာ​၍ အရှင့်​ထံ၌ ကတိသစ္စာ​ခံ​ကြ​မည့်​အကြောင်း​၊ အရှင်မင်းကြီး​စိတ်​ရှိ​သည့်​အတိုင်း သူ​တို့​ကို အုပ်စိုး​နိုင်​မည့်​အကြောင်း အကျွန်ုပ်​ထသွား​၍ သူ​တို့​ကို စုရုံး​ပါ​မည်​”​ဟု ဆို​လျှင် ဒါဝိဒ်​မင်းကြီး​ပြန်ခွင့်ပြု​သဖြင့် အာဗနာ​လည်း အေးချမ်း​စွာ​ပြန်သွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 အာ​ဗ​နာ​က​ဒါဝိဒ်​အား``အ​ကျွန်ုပ်​သည်​ယ​ခု သွား​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တစ်​ရပ်​လုံး ကို​အ​ရှင်​မင်း​ကြီး​၏​ဘက်​သို့​ပါ​အောင်​ဆောင် ရွက်​ပေး​ပါ​မည်။ သူ​တို့​သည်​အ​ရှင့်​အား​မိ​မိ တို့​၏​ဘု​ရင်​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ကြ ပါ​လိမ့်​မည်။ ထို​အ​ခါ​အ​ရှင်​သည်​မိ​မိ​ဆန္ဒ ရှိ​နှင့်​ထား​သည့်​အ​တိုင်း​ဣသ​ရေ​လ​ပြည် တစ်​ခု​လုံး​ကို​အုပ်​စိုး​ရ​ပါ​လိမ့်​မည်'' ဟု လျှောက်​၏။ ဒါ​ဝိဒ်​သည်​အာ​ဗ​နာ​အား ဘေး​မဲ့​ထွက်​ခွာ​သွား​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 3:21
8 ပူးပေါင်းရင်းမြစ်များ  

ဂိ​လဒ်​ပြည်၊ အာ​ရှာ​အ​မျိုး​သား​များ၊ ယေ​ဇ​ရေ​လ​မြို့​သား​များ၊ ဧ​ဖ​ရိမ်​ခ​ရိုင်၊ ဗင်္ယာ​မိန်​ခ​ရိုင်​အ​စ​ရှိ​သော ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​လေ၏။


ဒါ​ဝိဒ်၏​အာ​ဏာ​တော်​ကို ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့၌ တည်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​အား​ပြု​မည်​ဟု ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ငါ​လည်း ဒါ​ဝိဒ်​အား​မ​ပြု​ဘဲ​နေ​လျှင်၊ ထို​မျှ​မ​က ဘု​ရား​သ​ခင်​သည် အာ​ဗ​နာ​အား​ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော​ကြောင့်၊


ထို​နောက် အာ​ဗ​နာ​သည် မိ​မိ​အ​တွက် သံ​တ​မန်​တို့​ကို ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်၍၊ ပြည့်​ရှင်​မင်း​ကား အ​ဘယ်​သူ​နည်း။ ကျွန်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​တော်​မူ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါင်း​တို့​ကို ကိုယ်​တော်​ထံ​သို့ ပြောင်း​လဲ​စေ​ခြင်း​ငှာ၊ ကျွန်​တော်​သည် ကိုယ်​တော်​ဘက်​သို့ ဝင်​စား​ပါ​မည်​ဟု လျှောက်​ဆို၏။


လူ​နှစ်​ကျိပ်​ပါ​လျက် ဒါ​ဝိဒ်​ရှိ​ရာ​ဟေ​ဗြုန်​မြို့​သို့​ရောက်​သ​ဖြင့်၊ ဒါ​ဝိဒ်​သည်​ပွဲ​လုပ်၍ အာ​ဗ​နာ​နှင့် သူ၏​လူ​တို့​ကို ကျွေး၏။


ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ဟေ​ဗြုန်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။


သင့်​ကို​ငါ​ရွေး​ယူ၍၊ သင်​သည် ကိုယ်​အ​လို​ဆ​န္ဒ ပြည့်​စုံ​စေ​ခြင်း​ငှာ၊ စိုး​စံ​လျက်​ဣ​သ​ရေ​လ​အ​မျိုး​တွင် မင်း​ပြု​ရ၏။


ကိုယ်​တော်၏​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပေး​သ​နား၍၊ အ​ကြံ​အ​စည်​တော်​ရှိ​သ​မျှ​တို့​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​စေ​သော။


လူ​ခပ်​သိမ်း​တို့​သည် ယေ​ရှု​ခ​ရစ်၏​အ​ကျိုး​ကို မ​ရှာ၊ ကိုယ်​အ​ကျိုး​ကို​သာ ရှာ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ