၂ ဓမ္မရာဇဝင် 3:12 - Judson Bible in Zawgyi Version12 ထိုနောက် အာဗနာသည် မိမိအတွက် သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍၊ ပြည့်ရှင်မင်းကား အဘယ်သူနည်း။ ကျွန်တော်နှင့် မိတ်သဟာယဖွဲ့တော်မူပါ။ ဣသရေလအမျိုးအပေါင်းတို့ကို ကိုယ်တော်ထံသို့ ပြောင်းလဲစေခြင်းငှာ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 ထို့နောက် အာဗနာသည် မိမိကိုယ်စား ဒါဝိဒ်မင်းကြီးထံ တမန်ကိုလွှတ်၍ “ဤပြည်ကို မည်သူပိုင်သနည်း။ အကျွန်ုပ်နှင့် မဟာမိတ်ဖွဲ့ပါလော့။ အစ္စရေးလူမျိုးတစ်မျိုးလုံး အရှင့်ဘက်ပါလာအောင် အကျွန်ုပ်ကူညီပါမည်”ဟု လျှောက်စေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ထိုအချိန်၌ဒါဝိဒ်သည်ဟေဗြုန်မြို့တွင်ရှိ နေသဖြင့် အာဗနာသည်သူ၏ထံသို့စေတမန် များကိုလွှတ်၍``ဤပြည်ကိုအဘယ်သူအုပ်စိုး ပါမည်နည်း။ အကျွန်ုပ်နှင့်သစ္စာဖွဲ့တော်မူလျှင် အရှင့်ဘက်သို့ဣသရေလတစ်ပြည်လုံးပါ လာစေရန်အကျွန်ုပ်ကူညီဆောင်ရွက်ပေးပါ မည်'' ဟုလျှောက်စေ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံတော်သို့လာ၍၊ ကျွန်တော်တို့ ညီအစ်ကိုဖြစ်သော ယုဒအမျိုးသားတို့သည် ကိုယ်တော်ကိုခိုးယူ၍ ကိုယ်တော်နှင့်တကွ နန်းတော်သား ကိုယ်တော်၏ လူအပေါင်းတို့ကို အဘယ်ကြောင့်ယော်ဒန်မြစ်တစ်ဖက်သို့ ပို့ရကြမည်နည်းဟု လျှောက်ကြသော်၊
အာဗနာကလည်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အလိုတော်ရှိသမျှအတိုင်းစိုးစံစေခြင်းငှာလည်းကောင်း၊ ကျွန်တော်ထသွား၍ ထိုသူအပေါင်းတို့ကို ကျွန်တော်သခင်၊ ကျွန်တော်ရှင်ဘုရင်ထံတော်၌ စုဝေးစေပါမည်ဟုလျှောက်ပြီးမှ၊ ဒါဝိဒ်လွှတ်လိုက်၍ သူသည် ငြိမ်ဝပ်စွာသွားလေ၏။