Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 3:10 - Judson Bible in Zawgyi Version

10 ဒါ​ဝိဒ်၏​အာ​ဏာ​တော်​ကို ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်၊ ယု​ဒ​ပြည်​အ​ရပ်​ရပ်​တို့၌ တည်​စေ​ခြင်း​ငှာ၊ ဒါ​ဝိဒ်​အား​ပြု​မည်​ဟု ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ငါ​လည်း ဒါ​ဝိဒ်​အား​မ​ပြု​ဘဲ​နေ​လျှင်၊ ထို​မျှ​မ​က ဘု​ရား​သ​ခင်​သည် အာ​ဗ​နာ​အား​ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

10 ဘုရားသခင်​သည် နိုင်ငံ​တော်​ကို ရှောလု​မင်းကြီး​၏​အမျိုးအနွယ်​လက်​မှ​ရုပ်သိမ်း​ပြီး ဒန်​မြို့​မှစ၍ ဗေရရှေဘ​မြို့​တိုင်အောင် အစ္စရေး​ပြည်​၊ ယုဒ​ပြည်​တို့​တွင် ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ကို တည်​စေ​တော်မူ​မည်​”​ဟု ဆို​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 3:10
9 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ ကျွန်​တော်​သည် အ​ကြံ​ပေး​ပါ​မည်။ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ ကိုယ်​တော်​ထံ၌ စည်း​ဝေး၍ ကိုယ်​တော်​တိုင် စစ်​ချီ​တော်​မူ​ရ​မည်။


ရှင်​ဘု​ရင်​က​လည်း၊ လူ​ပေါင်း​မည်​မျှ​ရှိ​သည်​ကို ငါ​သိ​မည်​အ​ကြောင်း၊ ဒန်​မြို့​မှ​သည် ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ဣ​သ​ရေ​လ​ခ​ရိုင်​ရှိ​သ​မျှ​တို့​ကို လျှောက်​သွား၍၊ လူ​တို့​ကို​ရေ​တွက်​လော့​ဟု အ​ထံ​တော်၌​ရှိ​သော ဗိုလ်​ချုပ်​မင်း​ယွာ​ဘ​အား မိန့်​တော်​မူ၏။


ဣ​ရှ​ဗော​ရှက်​သည် ကြောက်၍ စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြန်​ဝံ့။


အာ​ဗ​နာ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​တော်​သည် အ​လို​တော်​ရှိ​သ​မျှ​အ​တိုင်း​စိုး​စံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျွန်​တော်​ထ​သွား၍ ထို​သူ​အ​ပေါင်း​တို့​ကို ကျွန်​တော်​သ​ခင်၊ ကျွန်​တော်​ရှင်​ဘု​ရင်​ထံ​တော်၌ စု​ဝေး​စေ​ပါ​မည်​ဟု​လျှောက်​ပြီး​မှ၊ ဒါ​ဝိဒ်​လွှတ်​လိုက်၍ သူ​သည် ငြိမ်​ဝပ်​စွာ​သွား​လေ၏။


လက်​ထက်​တော်​ကာ​လ​ပတ်​လုံး၊ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် အ​သီး​အ​သီး​မိ​မိ​စ​ပျစ်​ပင်၊ မိ​မိ​သင်္ဘော​သ​ဖန်း​ပင်​အောက်​မှာ ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ၏။


ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။


ရှ​မွေ​လ​က​လည်း၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို သင်​မှ​ဆုတ်​ယူ၍၊ သင့်​ထက်​ကောင်း​သော သင်၏​အိမ်​နီး​ချင်း​အား​ပေး​တော်​မူ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း သင်၌​ပြု​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​နိုင်​ငံ​ကို သင့်​လက်​မှ​နုတ်၍၊ သင့်​အိမ်​နီး​ချင်း ဒါ​ဝိဒ်​အား​ပေး​တော်​မူ​ပြီ။


သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ရော​ဖက်​စစ်​ဖြစ်​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် သိ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ