Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 24:21 - Judson Bible in Zawgyi Version

21 ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် ကိုယ်​တော်​ကျွန်​ရှိ​ရာ​သို့ အ​ဘယ်​ကြောင့် ကြွ​လာ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​လျှင်၊ ဒါ​ဝိဒ်​က၊ လူ​တို့​တွင် ကာ​လ​နာ​ဘေး​ကို​ငြိမ်း​စေ​မည်​အ​ကြောင်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​လို၍၊ သင်၏​ကောက်​နယ်​တ​လင်း​ကို ဝယ်​အံ့​သော​ငှာ​လာ​သည်​ဟု အ​မိန့်​ရှိ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

21 “​အကျွန်ုပ်​သခင်​အရှင်မင်းကြီး​၊ အရှင့်​အစေအပါး​ထံ အဘယ်​အရေး​ကြောင့်​ကြွလာ​ရ​ပါ​သနည်း​”​ဟု အရောန​မေးလျှောက်​လျှင် ဒါဝိဒ်​မင်းကြီး​က “​လူ​တို့​တွင်​ကျရောက်​သော​ဘေးဒဏ် ငြိမ်း​မည့်​အကြောင်း ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​တည်​ရ​မည်​ဖြစ်၍ သင့်​ကောက်နယ်တလင်း​ကို ဝယ်ယူ​ရန် လာ​ပါ​သည်​”​ဟု မိန့်ဆို​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

21 ``အ​ရှင်​မင်း​ကြီး​အ​ဘယ်​ကြောင့်​ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​ပါ​သ​နည်း'' ဟု​လျှောက်​၏။ ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​ငြိမ်း​အေး​သွား​စေ ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို တည်​ဆောက်​လို​သ​ဖြင့် သင်​၏​ကောက်​နယ်​တ​လင်း ကို​ဝယ်​ယူ​ရန်​ငါ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 24:21
11 ပူးပေါင်းရင်းမြစ်များ  

ယော်​ဒန်​မြစ်​နား​မှာ အာ​တဒ်​ကောက်​နယ်​တ​လင်း​သို့​ရောက်​သော​အ​ခါ၊ အ​လွန်​ကြီး​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ​ပြန်၏။ ယော​သပ်​သည် မိ​မိ​အ​ဘ​ကြောင့် ခု​နစ်​ရက်​ပတ်​လုံး​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို​ပြု​လေ၏။


ထို​နေ့​ချင်း​တွင် ဂဒ်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ကိုယ်​တော်​ကြွ​ပါ။ ယေ​ဗု​သိ​လူ​အ​ရော​န၏​ကောက်​နယ်​တ​လင်း၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်​ဟု၊


ထို​သို့​ရှင်​ဘု​ရင်​သည် အ​ခြံ​အ​ရံ​တော်​နှင့်​တ​ကွ ကြွ​လာ​သည်​ကို အ​ရော​န​သည် ကြည့်၍​မြင်​လျှင်၊ ပြင်​သို့​ထွက်၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ဦး​ချ​ပျပ်​ဝပ်​လျက်၊


ယွာ​ဘ​က​လည်း၊ ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် လူ​တို့​ကို​ထပ်၍ အ​ဆ​တစ်​ရာ တိုး​ပွား​စေ​သ​ဖြင့်၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​မြင်​မည်​အ​ကြောင်း ပြု​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး​သည် ဤ​အ​မှု​ကို အ​ဘယ်​ကြောင့် နှစ်​သက်​တော်​မူ​သ​နည်း​ဟု ရှင်​ဘု​ရင်​အား​လျှောက်​လေ၏။


ဒါ​ဝိဒ်​က​လည်း၊ လူ​တို့​တွင် ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို ငါ​တည်​လို​သည်​ဖြစ်၍၊ ဤ​ကောက်​နယ်​တ​လင်း​အ​ရပ်​ကို အ​ဖိုး​ထိုက်​သည်​အ​တိုင်း ရောင်း​ပါ​ဟု အ​မိန့်​ရှိ​သော်၊


ထို​အ​ခါ ဖိ​န​ဟတ်​သည်​ထ၍ တ​ရား​စီ​ရင်​သ​ဖြင့်၊ ကာ​လ​နာ​သည် ငြိမ်း​လေ၏။


ထို​ဣ​သ​ရေ​လ​လူ​ကို တဲ​အ​တွင်း​သို့​လိုက်​ပြီး​မှ၊ ယောက်ျား​ကို ထုတ်​ချင်း​ခပ်​အောင်​လည်း​ကောင်း၊ မိန်း​မ​ကို​ဝမ်း​ပေါက်​အောင်​လည်း​ကောင်း ထိုး​လေ၏။ ထို​သို့​ပြု​သော​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ဘေး​ငြိမ်း​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ