Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 23:16 - Judson Bible in Zawgyi Version

16 ထို​သူ​ရဲ​သုံး​ယောက်​တို့​သည် ဖိ​လိ​တ္တိ​တပ်​ကို​ဖျက်၍ ဗက်​လင်​မြို့ တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို​ခပ်​ယူ​ပြီး​လျှင် ဒါ​ဝိဒ်​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ သို့​သော်​လည်း၊ ဒါ​ဝိဒ်​သည်​မ​သောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထို​သူရဲကောင်း​သုံး​ဦး​သည် ဖိလိတ္တိ​တပ်စခန်း​ကို ထိုးဖောက်​ပြီး ဗက်လင်​မြို့​တံခါး​အနီး​ရှိ​ရေတွင်း​မှ ရေ​ကို​ခပ်ယူ​ကာ ဒါဝိဒ်​မင်းကြီး​ထံ ယူ​ဆောင်လာ​ပေး​၏​။ သို့သော် ဒါဝိဒ်​မင်းကြီး​သည် ထို​ရေ​ကို​မ​သောက်​ဘဲ ထာဝရဘုရား​ရှေ့​တော်​တွင် သွန်း​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 နာ​မည်​ကျော်​ရဲ​ဘော်​သုံး​ယောက်​တို့​သည် ဖိ​လိတ္တိ​တပ်​စ​ခန်း​ကို​ထိုး​ဖောက်​ပြီး​နောက် ရေ​တွင်း​မှ​ရေ​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​မင်း​ကြီး​သည် ထို​ရေ​ကို​သောက်​တော်​မ​မူ​ဘဲ​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း လောင်း​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 23:16
12 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​နှုတ်​ဆက်၍ မိန့်​မြွက်​တော်​မူ​ရာ​အ​ရပ်၌၊ ယာ​ကုပ်​သည် ကျောက်​တိုင်​ကို​စိုက်၍၊ ကျောက်​ဖျာ​ပေါ်၌​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ဆီ​ကို​လည်း​ကောင်း​လောင်း​လေ၏။


သူ​နောက်​မှာ အ​ဟော​ဟိ​အ​မျိုး ဒေါ​ဒေါ​သား​ဧ​လာ​ဇာ​သည် ဒါ​ဝိဒ်​နှင့်​အ​တူ​လိုက်​သော သူ​ရဲ​သုံး​ယောက်​အ​ဝင် ဖြစ်၏။ စစ်​တိုက်​ခြင်း​ငှာ​စု​ဝေး​သော ဖိ​လိ​တ္တိ​လူ​တို့​ကို ကြိမ်း​ပ၍ ဣ​သ​ရေ​လ​လူ​တို့​သည် ဆုတ်​သွား​သော​အ​ခါ၊


ထို​သူ​သုံး​ယောက်​တို့​သည် ဖိ​လိ​တ္တိ​တပ်​ကို​ဖျက်၍၊ ဗက်​လင်​မြို့ တံ​ခါး​နား​မှာ​ရှိ​သော ရေ​တွင်း​ထဲ​က​ရေ​ကို ခပ်​ယူ​ပြီး​လျှင် ဒါ​ဝိဒ်​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ သို့​သော်​လည်း ဒါ​ဝိဒ်​သည် မ​သောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လျက်၊


လူ​တစ်​ယောက်​သည် တစ်​ယောက်​ကို​နိုင်​လျှင် ထို​လူ​ကို နှစ်​ယောက်​ဆီး​တား​နိုင်၏။ သုံး​လွန်း​တင်​သော ကြိုး​သည်​လည်း အ​လွယ်​တ​ကူ မ​ပြတ်​တတ်။


ညဥ့်​ဦး​ယံ​အ​ချိန်၌ ထ၍ အော်​ဟစ်​လော့။ ထာ​ဝ​ရ​ဘု​ရား၏​မျက်​နှာ​တော်​ရှေ့​မှာ သင်၏​နှ​လုံး​ကို ရေ​ကဲ့​သို့ သွန်း​လောင်း​လော့။ ငတ်​မွတ်၍ ခပ်​သိမ်း​သော​လမ်း​ဝ​မှာ အား​ပျက်​လျက်​နေ​သော သင်၏​သူ​ငယ်​တို့​ကို အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ၊ အ​ထံ​တော်​သို့ သင်၏​လက်​ကို ချီ​ဆန့်​လော့။


သိုး​သ​ငယ်​တစ်​ကောင်​နှင့်​အ​တူ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ စ​ပျစ်​ရည်​သုံး​လော​ဃ​ကို ပူ​ဇော်၍၊ သန့်​ရှင်း​ရာ​ဌာ​န၌ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား​အား သွန်း​လောင်း​ရ​မည်။


သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊-


ဖြောင့်​မတ်​သော​သူ​အ​တွက်​ကြောင့် အ​သေ​ခံ​မည့်​သူ​ရှိ​ခဲ၏။ သူ​တော်​ကောင်း​အ​တွက်​ကြောင့် အ​သေ​ခံ​ဝံ့​သော​သူ ရှိ​ကောင်း​ရှိ​လိမ့်​မည် မှန်​စေ​တော့။-


အ​ကြောင်း​မူ​ကား၊ တစ်​ယောက်​သော​သူ​သည် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​သည်​မှန်​လျှင်၊-


ထို​မျှ​မ​က၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို တင်​လှူ ပူ​ဇော်​သော ယဇ်​အ​ပေါ်​မှာ ငါ့​ကို​လောင်း​သော်​လည်း ဝမ်း​မြောက်​ခြင်း​ရှိ၏။ သင်​တို့​ရှိ​သ​မျှ​နှင့်​အ​တူ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။-


မိ​မိ​အ​သက်​ကို မ​နှ​မြော​ဘဲ ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး တစ်​မျိုး​လုံး​အ​ဖို့ ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​သည်​မြင်၍ ဝမ်း​မြောက်​ပါ၏။ သို့​ဖြစ်၍ အ​ကြောင်း​မ​ရှိ​ဘဲ ဒါ​ဝိဒ်​ကို​သတ်​သ​ဖြင့် အ​ဘယ်​ကြောင့် အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သက်​ကို သတ်​သော​အ​ပြစ် သင့်​ရောက်​စေ​ချင်​ပါ​သ​နည်း​ဟု အ​ဘ​ရှော​လု​အား​ဆို​သော်၊


သူ​တို့​သည် မိ​ဇ​ပါ​မြို့၌ စည်း​ဝေး​သ​ဖြင့်၊ ရေ​ကို​ခပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​သွန်း​လောင်း​ခြင်း၊ အ​စာ​ရှောင်​ခြင်း အ​ကျင့်​တို့​ကို​ကျင့်​လျက်၊ အ​ကျွန်ုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဝန်​ခံ​ကြ၏။ ရှ​မွေ​လ​သည် မိ​ဇ​ပါ​မြို့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တ​ရား​မှု​တို့​ကို စစ်​ကြော​စီ​ရင်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ