Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 22:16 - Judson Bible in Zawgyi Version

16 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​တင်၍၊ နှာ​ခေါင်း​တော်​ထဲ​က အ​သက်​ရှူ​တော်​မူ​သော​အား​ဖြင့် သ​မု​ဒ္ဒ​ရာ​အောက်​ပြင်​နှင့် လော​က​တိုက်​မြစ်​တို့​သည် ဖွင့်​လှစ်​ထင်​ပေါ်​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထာဝရဘုရား​၏​ဆုံးမ​ခြင်း​နှင့် နှာခေါင်း​တော်​ထဲမှ ရှူထုတ်​သော​လေ​ကြောင့် ပင်လယ်​ကြမ်းပြင်​များ ပေါ်လာ​၍ ကမ္ဘာကြီး​၏​အောက်ခြေ​တို့​သည် ဟင်းလင်းပြင်​ဖြစ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား အ​မျက်​ထွက်​တော်​မူ​၍ ဆုံး​မ​ကြိမ်း​ဝါး​တော်​မူ​သော​အ​ခါ၊သ​မုဒ္ဒ​ရာ အောက်​ခံ​နှင့်​ကမ္ဘာ​မြေ​ကြီး​၏ အ​ခြေ​အ​မြစ်​တို့​သည်​ဟင်း​လင်း​ထင်​ပေါ်​လာ ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 22:16
12 ပူးပေါင်းရင်းမြစ်များ  

နှာ​ခေါင်း​တော်​ထဲ​က မီး​ခိုး​ထွက်၍၊ နှုတ်​တော်​ထဲ​က မီး​လောင်​သော​အား​ဖြင့် မီး​ခဲ​တောက်​လေ၏။


တိုး၍​မ​လွန်​ရ၊ ဤ​အ​ရပ်၌ သင်၏​ထောင်​လွှား​သော လှိုင်း​တံ​ပိုး​ဆုံး​ရ၏​ဟု ပ​ညတ်​လျက်၊ သ​မု​ဒ္ဒ​ရာ​အ​ပိုင်း​အ​ခြား​ကို ငါ​စီ​ရင်၍၊ တံ​ခါး​ပိတ်​နှင့် ကန့်​လန့်​ကျင်​တို့​ကို ထား​သည်​ကာ​လ၌​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ဝိုင်း၍​ကူ​ညီ​သ​နည်း။


ဧ​ဒုံ​ပင်​လယ်​ကို​ဆုံး​မ​တော်​မူ၍၊ ပင်​လယ်​ရေ​သည် ခန်း​ခြောက်​လေ၏။ တော၌ ပို့​ဆောင်​သ​ကဲ့​သို့ နက်​နဲ​ရာ​အ​ရပ်၌ သူ​တို့​ကို ပို့​ဆောင်​တော်​မူ၏။


အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် အ​စဉ်​စွန့်​ပစ်​တော်​မူ​သ​နည်း။ ကိုယ်​တော်​ထံ​မှာ ကျက်​စား​သော​သိုး​တို့​ကို အ​ဘယ်​ကြောင့် အ​မျက်​ထွက်​တော်​မူ​သ​နည်း။


အို တောင်​တို့၊ ခိုင်​ခံ့​သော​မြေ​အ​မြစ်​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တွေ့​မှု​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​နှင့် တ​ရား​တွေ့​စ​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ဆွေး​နွေး​ငြင်း​ခုံ​တော်​မူ​မည်။


ပင်​လယ်​ကို ဆုံး​မ၍ ခန်း​ခြောက်​စေ​တော်​မူ၏။ ခပ်​သိမ်း​သော မြစ်​ရေ​ကို​လည်း ကုန်​စေ​တော်​မူ၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​တို့​သည် ညှိုး​နွမ်း​ကြ၏။ လေ​ဗ​နုန်​အ​ပွင့်​လည်း ညှိုး​နွမ်း၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ