Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ဓမ္မ​ရာဇဝင် 22:1 - Judson Bible in Zawgyi Version

1 ဒါ​ဝိဒ်​သည် ရှော​လု​မင်း​မှ​စ၍ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို​ခံ​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မြွက်​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ရှောလု​မင်းကြီး​၏​လက်​မှ​လည်းကောင်း​၊ ရန်သူ​အပေါင်း​တို့​၏​လက်​မှ​လည်းကောင်း ဒါဝိဒ်​မင်းကြီး​အား ထာဝရဘုရား​ကယ်နုတ်​တော်မူ​သော​နေ့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ထံ ဤသို့ သီချင်း​စပ်ဆို​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ရှော​လု​နှင့်​အ​ခြား​ရန်​သူ​တို့​၏​လက်​မှ​ထာ​ဝ​ရ ဘု​ရား​ကယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​ပြီး​သည့် အ​ခါ​၌ ဒါ​ဝိဒ်​သည်​အောက်​ပါ​သီ​ချင်း​ကို ဖွဲ့​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ဓမ္မ​ရာဇဝင် 22:1
20 ပူးပေါင်းရင်းမြစ်များ  

နာ​သန်​က​လည်း၊ ထို​သူ​သည်​ကား အ​ခြား​သူ​မ​ဟုတ်။ ကိုယ်​တော်​ပင် ဖြစ်​ပါ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဘိ​သိက်​ပေး၍ သင့်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ပြီ။ ရှော​လု​လက်​မှ​လည်း ကယ်​လွှတ်​ပြီ။


ရန်​သူ​တို့​လက်​မှ ငါ့​ကို ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တစ်​ဖက်၌​ထ​သော သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​မြှောက်​တင်၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။


ထို​နေ့၌ ဒါ​ဝိဒ်​သည် အာ​သပ်​နှင့် သူ့​ညီ​တို့​အား​အပ်​သော ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရာ ဆာ​လံ​သီ​ချင်း​သစ်​ဟူ​မူ​ကား၊


ဖြောင့်​မတ်​သော​သူ​သည် များ​စွာ​သော ဒု​က္ခ​ဆင်း​ရဲ​ကို ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။


ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။


ထို​အ​ခါ မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည်​ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ပါ​အံ့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ။


ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​မျှ​လောက် ကြီး​စွာ​သော သေ​ဘေး​မှ ကယ်​လွှတ်​တော်​မူ​ပြီ။ ယ​ခု၌​လည်း ကယ်​လွှတ်​တော်​မူ​သေး၏။-


မော​ရှေ​သည် ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား အ​ကုန်​အ​စင်​မြွက်​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊


ထို​မျှ​မ​က၊ သ​ခင်​ဘု​ရား​သည် မ​ကောင်း​သော အ​မှု​ရှိ​သ​မျှ​တို့မှ ငါ့​ကို​ကယ်​နုတ်၍၊ မိ​မိ​ကောင်း​ကင်​နိုင်​ငံ​တော်​သို့ တိုင်​အောင် မ​စ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ ထို​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။


ထို​နေ့၌ ဒေ​ဗော​ရ​နှင့် အ​ဘိ​နောင်၏​သား ဗာ​ရက်​တို့​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊


ဒါ​ဝိဒ်​သည် ဇိ​ဖ​တောင်​အ​စ​ရှိ​သော တော​ကြို​တောင်​ကြား​တို့၌ နေ၍၊ ရှော​လု​သည် နေ့​တိုင်း​ရှာ​သော်​လည်း သူ၏​လက်၌ ဒါ​ဝိဒ်​ကို ဘု​ရား​သ​ခင်​အပ်​တော်​မ​မူ။


သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​လုပ်​တော်​မူ​ပါ​စေ​သော။ ကျွန်​တော်​နှင့် ကိုယ်​တော်​စပ်​ကြား​မှာ စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကြည့်​ရှု၍ ကျွန်​တော်​အ​မှု​ကို​စောင့်​သ​ဖြင့်၊ ကျွန်​တော်​ကို ကိုယ်​တော်​လက်​မှ ကယ်​လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ရှော​လု​အား လျှောက်​ဆို၏။


ကိုယ်​တော်၏​အ​သက်​ကို သတ်​အံ့​သော​ငှာ လူ​အ​ချို့​တို့​သည် ထ၍​ရှာ​သော်​လည်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ​သ​ခင်၏​အ​သက်​ကို အ​သက်​ထုပ်၌ နှောင်​ဖွဲ့​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​အ​သက်​ကို​မူ​ကား၊ လောက်​လွှဲ​ထဲ​က ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ​လိမ့်​မည်။


ယ​နေ့ ကိုယ်​တော်​အ​သက်​ကို ကျွန်​တော်​နှ​မြော​သည်​နည်း​တူ ကျွန်​တော်​အ​သက်​ကို ထာ​ဝ​ရ​ဘု​ရား​နှ​မြော၍ ကျွန်​တော်​ကို ခပ်​သိမ်း​သော​ဒု​က္ခ​ထဲ​က ကယ်​နုတ်​တော်​မူ​ပါ​စေ​သော​ဟု ပြန်​လျှောက်​လျှင်၊


တစ်​ဖန်​ဒါ​ဝိဒ်​က၊ ငါ​သည် ရှော​လု​လက်​ဖြင့် ဆုံး​ရှုံး​ရ​သော အ​ချိန်​ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ ဖိ​လိ​တ္တိ​ပြည်​သို့ အ​လျင်​အ​မြန် ပြေး​ကောင်း၏။ သည်​ထက်​ကောင်း​သော​အ​ရာ​မ​ရှိ။ သို့​ပြု​လျှင် ရှော​လု​သည် ဣ​သ​ရေ​လ​ပြည်​နယ်​တွင် ငါ့​ကို ရှာ၍​မ​တွေ့​နိုင်​ကြောင်း​ကို သိ​လျက်၊ အား​လျော့၍ သူ့​လက်​မှ ငါ​လွတ်​လိမ့်​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ